အသက် ၂၈
နှစ်အရွယ်ရှိသူ တွန်းလှည်းဈေးဆိုင်ဖြင့် အသုတ်မျိုးစုံရောင်းသူက ၃၂နှစ် အရွယ်
ဇနီးဖြစ်သူ ၁၉ နှစ်အရွယ် ဈေးဆိုင်အကူဖြစ်သူတို့ ၄င်းတို့ငှားရမ်းနေထိုင်သော
အိမ်ရှိ အခန်းတွင် နှစ်ဦးလုံးကိုယ်လုံးတီးအနေအထားဖြင့် ပက်ပင်းမိသဖြင့်
ဓါးဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ
ဗုဒ္ဓဟူးနေ့ နံနက် ၂ နာရီခန့်ကမလေးရှားနိုင်ငံ Kampung Langgar ရှိ
တရားခံငှားရမ်းနေထိုင်သည့် အိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄င်းအိမ်သို့
လွန်ခဲ့သော တစ်ပတ်ခန့်ကမှ တရားခံနှင့်မိသားစု ပြောင်းရွှေ့လာခြင်းဖြစ်သည်။
တရားခံက ဈေးရောင်းချိန်ကို နံနက် ၃ နာရီ သို့မဟုတ် ၄ နာရီအချိန်အထိ ကမ္ဘာ့ဖလားပွဲ စတင်ချိန်မှ အချိန်တိုးမြှင့်ရောင်းချခဲ့သည်။ သို့သော်လည်း နံနက် ၃ နာရီတွင် စတင်မည့် ဘရာဇီးနှင့်မက်ဆီကို ဘောလုံးပွဲကို ကြည့်ရန်အတွက် အိမ်သို့ စောစောပြန်လာခဲ့ခြင်းဖြစ်သည်။
နှစ်ယောက်စလုံကို ဓါးနှင့်ထိုးပြီးနောက် တရားခံက နီးစပ်ရာ ရဲစခန်းတွင် သွားရောက်အဖမ်းခံခဲ့သည်။ တရားခံ၏ ဇနီးဖြစ်သူမှာ ဘယ်ဘက်ပေါင်တွင် ပြင်းထန်စွာ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ဆိုင်အကူမှာ ဘယ်ဘက်လက်တစ်ချောင်းလုံး နီးပါး အခုတ်ခံခဲ့ရကြောင်းသိရသည်။ ဓါးနှင့်အခုတ်ခံရသူနှစ်ဦးစလုံးမှာ Sultanah Bahiyah ဆေးရုံတွင် ကုသနေကြောင်းသိရသည်။
From:Myanmar
Lated News