Social Icons

Tuesday, June 24, 2014

လေဆင်နှာမောင်းနဲ့ ပတ်သက်တဲ့ ဇာတ်ကားသစ်

လေဆင်နှာမောင်းနဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ နာမည်ကြီး ရုပ်ရှင်ကား Into the Strom ဟာ လာမယ့် သြဂုတ် လဆန်းမှာ အမေရိကန်ပြည်ထောင်စုမှာတော့ ရုံတင်ပြသပါတော့မယ်။ ဒီဇာတ်လမ်းမှာ လေဆင်နှာမောင်း ဘာကြောင့် ဘယ်လို ဖြစ်ရတယ်ဆိုတာ လေ့လာ သုတေသန ပြုနေကြ တဲ့ ပညာရှင်တွေက မြို့တမြို့မှာ လေဆင်နှာမောင် အန္တရာယ်ကျရောက်နိုင်တယ်လို့ ကြိုတင် ခန့်မှန်း ထားခဲ့ကြပါ တယ်။ 

 ခန့်မှန်းထားတဲ့ အတိုင်းပဲ ကြိုတင်ကာကွယ်မှုတွေ အားနည်းချက်ရှိခဲ့တဲ့ အဲဒီ မြို့မှာ လေဆင်နှာမောင်းရဲ့ ဝါးမြို သွားမှုကို ခံခဲ့ရတဲ့ အတွက် တကယ့် လက်တွေ့ဘဝမှာ သဘာဝ ဘေးအန္တရာယ်တွေကို ဘယ်လို ကြိုတင်ပြင်ဆင် ထားသင့်တယ်ဆိုတဲ့ အတွေးတွေရစေမယ့် ပညာပေး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်း တခုပါ။ 

 အခု ၂ဝ၁၄ ခုနှစ်အတွက် ဆုလည်း ရထားပြီး ဖြစ်တဲ့ ယူကျုပေါ်က Into the Storm - Official Teaser Trailer [HD] ကို ခံစားကြည့် နိုင်တယ်။
 
Blogger Templates