Social Icons

Tuesday, June 24, 2014

ပုဂံညောင်ဦးရောက် အလှမယ်များ

တနင်္ဂနွေနေ့မှာ ပုဂံဒေသကို သွားရောက်ခဲ့တဲ့  Myanmar Miss Universe 2014 ပြိုင်ပွဲဝင် အလှမယ် အယောက် ၂ဝ ရဲ့ ခရီးဟာ လူမှုရေး လှုပ်ရှားမှုခရီးစဉ်ဖြစ်တယ်လို့ ပြိုင်ပွဲကော်မတီက ဆိုပါတယ်။
ကော်မတီက  ပုံတွေကို    အင်္ဂါနေ့မှာ အဆက်မပြတ် အွန်လိုင်း တင်နေတာပါ။


သူတို့ရဲ့ ခရီးစဉ်က ကချင်ပြည်နယ်ဖြစ်တယ်လို့ ကနဦးမှာ ကြေညာခဲ့တာပါ။ ခုတော့ ရာသီဥတုအခြေအနေကြောင့် ပုဂံညောင်ဦးဒေသ၊ ပြင်ဦးလွင်/မေမြို့ဘက် လှည့်ပါပြီ။

အလှမယ် ၂ဝ ဒီခရီးကအပြန် ဘယ်သွားမလဲ ဆိုတော့ ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ဖူးခက် ဖြစ်ပါတယ်။

ဖူးခက်ခရီးကို လိုက်ပါချင်တယ် ဆိုရင်ဖြင့်  စာရင်းပေးသွင်းနိုင်ပါတယ် ဆိုပြီး ဒီတပတ်ထုတ် ဗီးနပ်စ် သတင်းစာစောင်မှာရေးထားပါတယ်။ စိတ်ဝင်စားရင် စာရင်းပေးပါဆိုပြီး ပြိုင်ပွဲစီစဉ်တဲ့အဖွဲ့ကို ကိုးကား ရေးထားတာပါ။ ခရီးစရိတ် တည်းခိုစရိတ် တယောက်ကို ဒေါ်လာ ကိုးရာ ကျသင့်မှာပါ တဲ့။ ဒေါ်လာ ကိုးရာ ဆိုတာက မြန်မာငွေ ဆယ်သိန်း ဆိုပါစို့။
အလှမယ် ၂ဝ နဲ့ ပင်လယ်ကမ်းခြေသွားရမယ် ဆိုတော့... ငွေကြေး တတ်နိုင်သူတွေအတွက် ရင်ခုန်စရာပေါ့။ မတတ်နိုင်သူတွေ၊ သွားဖို့ အခြေအနေ မပေးသူကတော့ အိပ်မက်လှလှပဲ မက်ရုံပေါ့။

ဖူးခက်ကို သွားကြတာက ပြိုင်ပွဲအတွက် လေ့ကျင့်ဖို့ဖြစ်ပါတယ်။
ဖူးခက်မှာလည်း အလှပြိုင်ပွဲတခု လုပ်မယ်လို့ သတင်းတချို့က ဆိုပါတယ်။

သူတို့ ဖူးခက်က ပြန်လာရင်တော့ ရန်ကုန်မှာ ပြိုင်ပွဲဝင်ကြပါလိမ့်မယ်။
အခုတော့ သူတို့ ပုဂံ၊ ညောင်ဦး၊ ပြင်ဦးလွင်  
လူမှုရေး လှုပ်ရှားမှုခရီးစဉ်နဲ့ လှလှပပ အလုပ်များနေကြပါပြီ။

အခု တွေ့ရတဲ့ ပုံများကတော့ ဓမ္မရံကြီးကို သွားရောက်ခိုက် ရိုက်ကူးထားတာလို့ သိရပါတယ်။

ပြိုင်ပွဲနေ့ - ဇူလိုင် ၂၆ 
ပြိုင်ပွဲ နေရာ - ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ
ပြိုင်ပွဲကော်မတီလိပ်စာ -  www.missuniversemyanmar.com 
 
 
 
Blogger Templates