Social Icons

Wednesday, June 25, 2014

အဲယားကွန်း ပြင်ဆင်နေစဉ် ဓာတ်လိုက်သဖြင့် လူတစ်ဦး သေဆုံး

 မုံရွာမြို့တွင် ယခုလ(၂၃) ရက်နေ့ ညနေ
 (၆း၀၀) နာရီ အချိန်က အဲယားကွန်း ပြင်ဆင်နေ
စဉ် ဓာတ်လိုက်သဖြင့် အမျိုးသားတစ်ဦး
 သေဆုံးသွား ခဲ့ရပြီး၊ တစ်ဦးမှာ ဒဏ်ရာရ
ရှိခဲ့ သဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။
             မုံရွာမြို့ မြ၀တီ ရပ်ကွက် နယ်မြေ (၁၅) သီတာလမ်းနှင့် ကျောက္ကာ လမ်းထောင့်တွင် ဦးအာရှ (၂၇) နှစ်ပိုင် အာရှဖက်ရှင် နှင့် အလှပြင်ဆိုင် ဒုတိယ ထပ်တွင် အဲယားကွန်း ပျက်နေသည့် အတွက် အဲယားကွန်း ပြင်ဆင်ရန် မုံရွာမြို့ရှိ ဇာနည်အောင် Air-corn Service Center မှ လာရောက်ပြုပြင် ခဲ့ရာတွင် ဓာတ်လိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပထမ သတင်းပေးချက်အရ သိရသည်။

                ယင်းသို့ အဲကွန်းပြင်ဆင် နေစဉ် ဓာတ်လိုက်မှုကြောင့် ကိုဇော်ရဲအောင် (၂၂) နှစ်၊ ဒေါနခြံ ရပ်ကွက် နေထိုင်သူမှာ မုံရွာမြို့ ဆေးရုံတွင် ဆေးကု သမှု ခံယူနေစဉ် သေဆုံးသွားခဲ့ပြီး၊ အဖော်ဖြစ်သူ ကိုရဲနိုင်အောင်  (၁၉) နှစ် ၊ ထန်းတောရပ်ကွက် နေထိုင်သူမှာ မုံရွာ ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရ ကြောင်း မှုခင်း မှတ်တမ်းများအရ သိရသည်။

The Messenger journal
 
Blogger Templates