ရန်ကုန် (မဇ္ဈိမ)။ ။ ညပိုင်းနှင့် မနက်အစောပိုင်းတွင် ရန်ကုန်မြို့အတွင်း ပြိုင်ကားများ စည်းကမ်းမဲ့ မောင်းနှင်နေမှုကြောင့် ပြည်သူများ ထိတ်လန့်နေကြရသည်ဟု ပြည်သူတစ်ဦး၏ တင်ပြမှုကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဟု ဗဟန်းမြို့နယ်မှ တိုင်းအမတ် ဒေါက်တာညိုညိုသင်းက ပြောသည်။
ရန်ကုန်မြို့၊ အလုံမြို့နယ်၊ စောရန်ပိုင် (တောင်) ရပ်ကွက်၊ ကျောင်းလမ်းရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ရုံးချုပ်အနီး ဗို့အား (၆,၆၀ဝ) ဓာတ်ကြိုး သုံးကြိုးပြတ်ကျရာ ကောင်းကင်ဓာတ်အားလိုင်း ဌာနခွဲအဖွဲ့ ဝန်ထမ်းများက ပြန်လည်ပြင်ဆင်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)


















































