တိုင်ဝမ် အစားအစာနဲ့ ဆေးဝါး ဘေးကင်းမှု စောင့်ကြည့်ရေး အဖွဲ့က ညစ်ညမ်း ဝက်ဆီတွေ ပါတဲ့ နောက်ထပ် ကုန်စည် ၂၄ မျိုးကို ဖော်ထုတ်လိုက်ပါတယ်။
ဒါကြောင့် စားသောက်ကုန် ကျော်မကောင်း ကြားမကောင်း ဖြစ်မှုအတွင်း ကုမ္ပဏီ အရေအတွက် ၃၂၃ ခုထိ မြင့်တက်သွားပါတယ်။
အသင့် စား ခေါက်ဆွဲခြောက်တွေ နဲ့ တခြား သရေစာ အမျိုးမျိုးအပါအဝင် ကုန်စည် ၈ သန်းလောက် ပါဝင်မယ်လို့ ကနဦးခန့်မှန်းချက်က ဆိုပါတယ်။
ထိပ်တန်း ကုန်အမှတ်တံဆိပ် ဝမ့်ဝမ့်နဲ့ ဗေဒန်တို့အပါအဝင် လုပ်ငန်းစုစုပေါင်း ၁၃၄၄ ခုတို့ဟာ မသန့်ရှင်းတဲ့ ဆီတွေကို သုံးခဲ့ကြပြီးပြီလို့ ဖော်ထုတ်ထားပါတယ်။
တိုင်ဝမ်အုပ်ချုပ်ရေးခေါင်းဆောင် ကျန်းရိဟွာက ဒီအမှုအတွက် စက်တင်ဘာ ၁၃ ရက်နေ့က အစိုးရကိုယ်စား တောင်းပန်ခဲ့ပါတယ်။
ပြည်သူ့ကျန်းမာရေးအဖွဲ့ခေါင်းဆောင် ချူးဝမ်တက တာဝန်ခံပြီး ရာထူးက နုတ်ထွက်ဖို့ ကမ်းလှမ်းထားပြီးပြီလို့ သူက အတည်ပြုပါတယ်။
မီးဖိုချောင်ထွက် အညစ်အကြေးတွေနဲ့ သားရေစက်ရုံတွေက ထွက်တဲ့ အချွဲတွေကနေ ပြန်လည်သန့်စင်ထားတဲ့ ဟင်းချက်ဆီတွေ တန်ချိန်ရာချီပြီး ရောင်းချနေတဲ့ အဖွဲ့ကွင်းဆက်ကို တိုင်ဝမ်ရဲတွေက အရင်အပတ်က ဖော်ထုတ် ဖမ်းဆီးအပြီး တိုင်ဝမ်မှာ စားသောက်ကုန်တွေအပေါ် ကြောက်ရွံ့ဒေါသထွက်မှုတွေ ကြီးစိုးနေပါတယ်။
By ဒီဗွီဘီ