အီဘိုလာ ဗိုင်းရပ်စ်ပိုးကို နှိမ်နင်းဖို့ အတွက် အမေရိကန် ဒေါ်လာ သန်းတစ်ထောင် ဒါမှမဟုတ် ၁ ဘီလီယံနီးပါး လိုအပ်မယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။
အခုဆိုရင် အဆိုးဝါးဆုံး ဗိုင်းရပ်စ်ပိုး ကူး စက် မှု ကြောင့် သေဆုံးသူ အယောက်ပေါင်း ၂၅၀၀ နီးပါး ရှိနေပါပြီ။
သေဆုံးသူ ဦးရေဟာ နှစ်ပါတ်အတွင်း နှစ်ဆလောက် တိုးလာနေတာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းအထိ ဆိုရင် လူပေါင်း နှစ်သောင်းအထိ ကူးစက်ခံရနိုင်တယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။
အနောက်အာဖရိကတိုက်က ကူးစက်ခံရသူတွေကို ကုသဖို့ နိုင်ငံခြားက ဆရာဝန် အယောက်ပေါင်း ၅၀၀ ကနေ ၆၀၀ လောက်ရဲ့ အကူအညီလိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
အမေရိကန်ကတော့ စစ်သားအယောက် ၃၀၀၀ စေလွှတ်မယ်လို့ ပြောဆိုထားပါတယ်။
အဲဒီစစ်သားတွေက အီဘိုလာရောဂါ ကုသရေးဌာန ၁၇ ခု ဆောက်လုပ်ဖို့နဲ့ ကျန်းမာရေးလုပ်သား ထောင်နဲ့ချီကို သင်တန်းတွေပေးဖို့ ဖြစ်ပါတယ်။
သြစတြေးလျကလည်း ကူညီထောက်ပံ့ရေးတွေ တိုးမြှင့်ပို့ဆောင်ပေးရမယ့် အခြေအနေဆိုက်နေပါတယ်။
ကူညီထောက်ပံ့ရေး တိုးမြှင့်မယ့်ကိစ္စကို ဒီကနေ့ ကြေညာနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့လည်း သုံးသပ်နေကြပါတယ်။
အချိန်ဆွဲလေလေ အခြေအနေ ဆိုးလေလေ ဖြစ်လာနေပြီး သြစတြေးလျကလည်း ဒီပြဿနာကို မျှဝေခံစားမှုတွေ လုပ်ဆောင်ဖို့လိုတယ်လို့ အများပြည်သူကျန်းမာရေးအသင်းအဖွဲ့က အရာရှိ Michael Moore က ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လိုအပ်နေတဲ့ ငွေကြေးတွေကို သြစတြေးလျပေးသင့်ပြီး၊ သြစတြေးလျက Ausmat အဖွဲ့ကိုလည်း ပို့ဆောင်သင့်ကြောင်း အဲဒီအဖွဲ့ဟာ လေယာဉ်နဲ့ သွားပြီး ရောဂါကာကွယ်နိုင်မယ့် အသုံးပစ္စည်းတွေ၊ ဆေးဝါးတွေကို ပို့ပေးနိုင်ကြောင်း ပြောသွားခဲ့ပါတယ်။
ABC Radio Australia