Social Icons

Monday, September 15, 2014

အီရတ်အမျိုးသမီးငယ် များကို ISIS အစ္စလာမ္မစ် စစ်သွေးကြွ များက ကျွဲ ၊ နွားများကဲ့သို့ လေလံတင် ရောင်းချလျက်ရှိ


တစ်လအတွင်း နိုင်ငံခြားသား သုံးဦးကို ရက်ရက် စက်စက် ခေါင်းဖြတ် ကွပ်မျက်ခဲ့သည့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ယခုအခါ ၄င်းတို့ ဖမ်းဆီးရမိ ခဲ့သည့် အီရတ် အမျိုးသမီး ငယ်များကို ကျွဲ၊ နွား များကဲ့သို့ လေလံတင် ရောင်းချလျက် ရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ဖော်ပြချက် အရ သိရသည်။

အဆိုပါ စစ်သွေးကြွ အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ နယ်မြေ အများအပြားကို သိမ်းယူ ခဲ့ပြီးနောက် ယခုနှစ် ဇွန်လ အတွင်းက အစ္စလာမ္မစ် နိုင်ငံကို တည်ထောင် ခဲ့ကြောင်း ကြေညာခဲ့သည်။

ယင်း နောက်ပိုင်း ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ၄င်းတို့ သိမ်းပိုက် ခဲ့သည့် ဒေသများ အတွင်းမှ အမျိုးသမီးငယ် ထောင်ပေါင်း များစွာကို အဓမ္မ ပြုကျင့်ခြင်း၊ နှိပ်စက်ခြင်း နှင့် အစ္စလာမ် ဘာသာသို့ အတင်းအဓမ္မ ကူးပြောင်း စေခြင်း စသည် တို့ကို လုပ်ဆောင် ခဲ့သည့်အပြင် လွန်ခဲ့သည့် နှစ်လ အတွင်းက အမျိုးသမီးငယ် များစွာကို စစ်သွေးကြွ များထံ လေလံတင် ရောင်းချ ခဲ့ကြောင်း ဖော်ပြချက် အရ သိရသည်။

ထို့ပြင် အသက် ၁၂ နှစ်နှင့် ၁၃ နှစ် အရွယ် အမျိုးသမီးငယ် များကို လည်း အစွန်းရောက် စစ်သွေးကြွများ နှင့် လက်ထပ်ရန် အဓမ္မ ဖိအားပေး လုပ်ဆောင် ခဲ့ကြခြင်းကြောင့် အမျိုးသမီး တချို့မှာ ၄င်းတို့ကို သတ်ရန် စစ်သွေးကြွ များထံ တောင်းဆိုခဲ့ ကြသည်ဟု ဖော်ပြချက်တွင် ပါရှိသည်။

စစ်သွေးကြွ များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် အမျိုးသမီး အရေအတွက် မှာ ၁၅ဝဝ မှ ၄ဝဝဝ ဦး အကြားရှိပြီး ၄င်းတို့သည် အီရတ် နိုင်ငံအတွင်းရှိ Yazidi မျိုးနွယ်စု ဝင်များ ဖြစ်ကြောင်း သိရသည်။

ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် အမေရိကန် ပြည်ထောင်စုမှ သတင်းထောက် နှစ်ဦး နှင့် ဗြိတိန် နိုင်ငံသား အကူအညီ ပေးရေး ဝန်ထမ်းတစ်ဦး ကိုလည်း ခေါင်းဖြတ် ကွပ်မျက်ခဲ့ ကြခြင်းကြောင့် နိုင်ငံတကာ အသိုက်အဝန်း ၏ ပြစ်တင် ရှုတ်ချမှုကို ခံရလျက် ရှိကြောင်း သိရသည်။

#PyiChitThar
 
Blogger Templates