မော်တော်ယာဉ် တင်သွင်းခွင့် အခွန်
လျှော့ချပြီဖြစ် သော်လည်း ကားဈေးကျပ်
(၁၀) သိန်းကျော် ပြန်လည် မြင့်တက်လာကြောင်း
မင်းရဲကျော်စွာ ကားဝင်းရှိ ကားဝယ်ရောင်း
များ ထံမှ စုံစမ်းသိရသည်။ ပွိုင့် သရီးကား
(၁၃၀၀ စီစီ) တွေ ဈေးတက်တယ်။ ဂျပန်ဈေးတက်သွားလို့ ဒီမှာ
လိုက်တက်ရောင်းရတာပါ။ ဂျပန်က လေလံဈေးက နဂိုဈေးနီးပါးလောက် ပြန်တက်သွားတယ်
ဟု မင်းရဲကျော်စွာ ကားဝင်းမှ ကားဝယ်ရောင်း ဦးမိုးကျော် က The Messenger
Media သို့ ပြောသည်။
ယခု ဘဏ္ဍာနှစ်စတွင် နိုင်ငံတော် အစိုးရမှ
မော်တော်ယာဉ် တင်သွင်းရာတွင် ကုန်သွယ် လုပ်ငန်းခွန်များ
လျှော့ချပေးခဲ့သဖြင့် ကား ဈေးနှုန်းများ လျော့ကျသွားခဲ့ သော်လည်း ယခု
ရက်ပိုင်းအတွင်း ဈေးကွက်၌ ဈေးနှုန်းများ ပြန်လည် မြင့်တက်လာခဲ့ခြင်း
ဖြစ်သည်။ ၁၃၀၀ စီစီ ကားတွေ ကတော့ သိန်း (၈၀) ကျော်လောက်နဲ့ ရောင်းနေကြတာပဲ။
အဲဒီကားတွေက အ၀ယ် လိုက်မယ်။ ကျွန်တော်တို့ဆီမှာတော့ ဈေးနှုန်းမတက်ဘဲ
ရောင်းနေတာပဲ ဟု အောင်သိန်းသန်း ကား Show Room ပိုင်ရှင် ဦးအေးထွန်းက The
Messenger Media သို့ ပြောသည်။ ၁၃၀၀ စီစီ ကားများ အ၀ယ် လိုက်လာသည့် အတွက်
ဈေးနှုန်းမြင့်တက်လာခြင်းလည်း ဖြစ်နိုင်ကြောင်း ၎င်း ကပြောသည်။
စက်မှုဇုန် ဂျစ်ကားများ ယာဉ်အပ်လက်ခံမည်
ဟူသော သတင်းကြောင့် စလစ်များ ကျလာနိုင်သည့်အတွက် ၂၀၀၈ ခုနှစ် မော်ဒယ်
စလစ်ဖြင့် သွင်းရသော ကားများမှာ ကားဝယ် လက်များမှ မ၀ယ်ရဲသေးသည့် အခြေအနေ
ဖြစ်နေကာ အရောင်းအ၀ယ် အလွန်အေးကြောင်း ဦးအေးထွန်း က ပြောသည်။ ပြီးခဲ့သော
မေလဆန်းတွင် နိုင်ငံတော် အစိုးရမှ ကားတင်သွင်းခွင့် အခွန်များ
လျှော့ချပေးခဲ့စဉ်က ယခင်က ကျပ်သိန်း (၁၀၀) ၀န်းကျင်ရှိ ခဲ့သော ကားများမှာ
ကျပ်(၁၅)သိန်း မှ (၂၀) ထိ လျော့ကျသွားခဲ့ကြောင်း မင်းရဲကျော်စွာ
ယာဉ်ရောင်းဝယ်ရေး စခန်းမှ စုံစမ်းသိရသည်။
The Messenger Journal