Social Icons

Wednesday, June 25, 2014

ရေကြောင်းတက္ကသိုလ် ဘွဲ့ရကျောင်းသားများ အလုပ်လက်မဲ့ဖြစ်

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်က
 ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရွန်းနစ်
ကျောင်းသား၊ ကျောင်းသူများ ငါးနှစ်ကြာ ပညာ
သင်ယူခဲ့သော်လည်း ဘွဲ့ရရှိပြီးနောက်
အလုပ်လက်မဲ့ ဖြစ်နေကြကြောင်း အမျိုးသား
လွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ
ကော်မတီ၏ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက ပြောသည်။

"ပညာသင်နှစ် ငါးနှစ်ပြီးနောက် သင်္ဘောလိုက်လိုတဲ့ ကျောင်းသားတွေအနေနဲ့ ရေကြောင်းဦးစီးက
ဖွင့်လှစ်တဲ့သင်တန်းတွေ၊ ပညာရပ်တွေကိုပါ စဉ်ဆက်မပြတ်လေ့လာလိုသော်လည်း မြန်မာနိုင်ငံမှာ
(Electro Technical Officer ETO)သင်တန်းမရှိလို့ ဘွဲ့ရ အလုပ်လက်မဲ့တွေ ဖြစ်နေကြပါတယ်"
ဟု ၂၀၁၂ - ၁၃ ပညာသင်နှစ်က ဘွဲ့ရရှိခဲ့သော ကျောင်းသားများ၏ တင်ပြတိုင်ကြားစာများ
ကိုကိုးကားပြီး ဇွန်လ ၂၀ ရက်က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ၎င်းက ပြောကြား
ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘွဲ့ရကျောင်းသားများသည် ယခင်က လျှပ်စစ်အင်ဂျင်နီယာ လက်မှတ်ဖြင့် ပင်လယ်ကူး
သင်္ဘောများပေါ်တွင် (လျှပ်စစ်အင်ဂျင်နီယာတာဝန်) အလုပ်ရနိုင်သော်လည်း အပြည်ပြည်ဆိုင်ရာ
ရေကြောင်းအဖွဲ့ချုပ်၏ ၂၀၁၀ ပြည့်နှစ် မနီလာကွန်ဗင်ရှင်းပါ ပြင်ဆင်ပြဋ္ဌာန်းချက်အရ ETO
လက်မှတ် လိုအပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ ယင်းသင်တန်း မရှိဖြစ်နေသည်။

လက်ရှိတွင် ပြည်ပရှိ (အီးတီအို) သင်တန်းကျောင်းများ၌ သင်ကြားပေးနိုင်ရန် အလုပ်ခန့်ထားမည့်
သင်္ဘောကုမ္ပဏီများကို ဌာနက ညှိနှိုင်းဆောင် ရွက်နေသည်ဟု ဆိုသည်။

ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရွန်းနစ် အထူးပြုကျောင်းသားများသည် အပြည်ပြည်ဆိုင်ရာ
ပင်လယ်ကူး သင်္ဘောများတွင် အလုပ်ရရှိရန် လူတွေ့ အင်တာဗျူးများ ဖြေဆိုအောင်မြင်ကြ
သော်လည်း ၎င်းသင်တန်းဆင်းလက်မှတ် မရှိသောကြောင့် အလုပ်ရရှိရန် ခက်ခဲလျက် ရှိနေသည်။

Myanmar Times Journal
 
Blogger Templates