Social Icons

Tuesday, June 24, 2014

ဒေါ်ခင်ဝိုင်းကြည်အိမ် ဖောက်ထွင်းခံရ

လာမည့်ရွေးကောက်ပွဲ များတွင် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို တင်သွင်းခဲ့ သည့် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက် ပိုင်းမြို့နယ်ရှိ နေအိမ် ဇွန်လ ၂၃ ရက်ညတွင် ဖောက်ထွင်းခံရပြီး တယ်လီဖုန်းတစ်လုံး ခိုးယူခံခဲ့ရ သည်ဟု သတင်းရရှိသည်။

နေအိမ် ဖောက်ထွင်းခံရ သည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်သည် နေအိမ်တွင်ပင် ရှိနေပြီး လွှတ်တော်နှင့် ပတ်သက်သော ပစ္စည်းများ ထည့်ထားသည့် အိတ်ကို ဖောက်ထွင်း သူက ယူဆောင်သွားကာ အိတ်ထဲမှ စာရွက်စာတမ်းများ အားလုံးကို အိမ်နောက်ဘက်ချုံထဲတွင် လွှင့်ပစ်ထားခဲ့သည်ဟု ဒေါ်ခင်ဝိုင်းကြည်၏ ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ထံမှ သတင်းရရှိသည်။
ပိုက်ဆံအိတ်နှင့် တယ်လီ ဖုန်းမှအပ အခြား မည်သည့် ပစ္စည်းမှ မပါသွားသည့်အတွက် အမှုမဖွင့်ထားကြောင်းလည်း ဦး ဖုန်းမြင့်အောင်ကပြောသည်။
ဒေါ်ခင်ဝိုင်းကြည်ကို အချိုး ကျကိုယ်စားပြုရွေးကောက်ပွဲ စနစ်(ပီအာရ်) ကျင့်သုံးရန် လွှတ် တော်သို့ တင်သွင်းခဲ့သည့်အတွက် တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ခြင်း လွှတ်တော်အတွင်း စောင်းမြောင်းပြောဆိုခြင်းများ ကြုံတွေ့နေရ သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ဇွန်လ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်။
သို့သော်ယခုဖောက်ထွင်းခံ ရသည့်ကိစ္စသည် အဆိုပါကိစ္စနှင့် ပတ်သက်မှုမရှိနိုင်ဘဲ ပီအာရ်စနစ် ကြောင့် မကျေနပ်ခြင်းဖြစ်ပါက အထုပ်ယူသွားမည် မဟုတ်ဘဲ လူကိုသာအန္တရာယ်ပြုသွားနိုင် သည်ဟု ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
ပြည်ခိုင်ဖြိုးမှအပ ကျန်နိုင်ငံ ရေးပါတီများနှင့် တိုင်းရင်းသား ပါတီများက NDF ပါတီက တင် သွင်းခဲ့သော အချိုးကျကိုယ်စား ပြုရွေးကောက်ပွဲစနစ်ကို ကန့် ကွက်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံ ရေးအခြေအနေအရ အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို ကျင့်သုံးရန် မသင့်တော်သေးဘဲ အဆိုပါစနစ်သည် လာမည့်ရွေး ကောက်ပွဲများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကို အနိုင်မရစေရန် ကန့်သတ် သည့် စနစ်တစ်ခုသာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများ က ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေါ် ခင်ဝိုင်းကြည်အပါအ၀င်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များအား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရခဲ့ပေ။ from 7days daily
 
Blogger Templates