ပြည်တွင်းငြိမ်း ချမ်းရေး အောင်မြင်အောင် ဆက် လက်ဆောင်ရွက်ရန် ပြည်ထောင် စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို လက်ရှိကျင်းပ နေဆဲ အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ဇွန်လ ၃၀ ရက်တွင်ကျင်းပ သော အမျိုးသားလွှတ်တော်တွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ပြည်တွင်းငြိမ်းချမ်းရေး ဖော် ဆောင်နေသူများကို ကျေးဇူးတင် ရှိကြောင်း မှတ်တမ်းတင်ရန်နှင့် ငြိမ်းချမ်းရေးကို အောင်မြင်သည် အထိ ဆက်လက်အကောင်အ ထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက် တွန်းကြောင်း အဆို တင်သွင်း ခဲ့ပြီး လွှတ်တော်က ယင်းအဆိုကို ဆွေးနွေးရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်သည် မြန်မာ နိုင်ငံအတွက် ငြိမ်းချမ်းရေးသည် အရေးကြီးနေသည့်အတွက် အစိုး ရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးသည် ငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်ရန် လိုအပ်နေ ပြီဖြစ်သည်ဟုလည်း ဦးခက်ထိန် နန်က လွှတ်တော်သို့ တင်ပြခဲ့ သည်။
ယင်းအဆိုကို အမျိုးသား လွှတ်တော်တွင် ဆွေးနွေးပါက လွှတ်တော်ကိုယ်စားလှယ်များအ ပါအ၀င် အစိုးရဘက်မှ ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်းကော်မတီမှ တာဝန် ရှိသူများလည်း လာရောက်ဆွေး နွေးကြမည်ဖြစ်သည်ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် အချို့က ပြောသည်။
ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေသူများကို အား ပေးအားမြှောက်ပြုသည့်အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူများကို အမျိုးသားလွှတ်တော်က ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ရန်လည်း အဆိုတွင်ပါဝင်နေသည်။
ပြည်တွင်းငြိမ်းချမ်းရေးဖြစ် စဉ်တွင် ပါဝင်နေသည့် ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးဗဟိုကော်မတီ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီ၊ မြန်မာ့တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ပါဝင်ပတ်သက် သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များကို အမျိုးသားလွှတ်တော်က ကျေးဇူးတင်ကြောင်း မှတ်တမ်း ထားရှိရန် ဦးခက်ထိန်နန်က အ မျိုးသားလွှတ်တော်သို့ တင်ပြခဲ့ သည်။