Social Icons

Sunday, June 29, 2014

ထိုင်းအာဏာသိမ်းစစ်ကောင်စီ ဖမ်းဆီးထားသည့် လက်နက်ခဲယမ်းတွေကို ထုတ်ပြ

ထိုင်းအာဏာသိမ်း စစ်ကောင်စီက ဖမ်းမိထားတဲ့ လက်နက်ခဲယမ်းတွေကို ထုတ်ပြပါတယ်။ ဒီလက်နက် တွေကို မေလ ၂၂ ရက်နေ့ကနေ ဇွန်လ ၂၅ ရက်နေ့အတွင်း စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း ဖမ်းမိတာလို့ ပြောပါတယ်။

ဒီလက်နက်တွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့လူတွေထဲမှာ ပြည်ပမှာ အသစ်ဖွဲ့ထားတဲ့ အတိုက်အခံအဖွဲ့ အတွင်းရေးမှူးချုပ် ဂျာခရာပေါ့ပ်လည်း တယောက်ပါဝင်တယ်လို့ ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ ဒုရဲမင်းကြီးက ပြောပါတယ်။

စုံစမ်းမှုတွေကို အရ မြေအောက်လှုပ်ရှားမှုတွေလုပ်နေတဲ့ ဂျာခရာပေါ့ပ်ကို ထိုင်းစစ်ခုံရုံးက ဖမ်းဝမ်းထုတ်ထားရတယ်လို့ ပြောပါတယ်။

မေလ ၂၂ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းရတဲ့ အဓိက အကြောင်းကလည်း တရားမ၀င်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖွဲ့စည်းနေတာနဲ့ ပြိုင်ဖက်အုပ်စုတွေ လက်နက်နဲ့ တိုက်ခိုက်ကြဖို့ ပြင်ဆင်နေကြတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်တွေကိုသုံးပြီး ပြည်သူတွေကို တိုက်ခိုက်တာမျိုးကို ဘယ်နိုင်ငံမှာ မဆို သည်းခံမှာ မဟုတ်ဘူလို့ စစ်တပ်ရဲ့ လက်ထောက်ပြောခွင့်ရသူ ၀င့်ထိုင်း ဆူဗာရီကလည်း ပြောပါတယ်။

အခုအထိ ဖမ်းမိတဲ့ လက်နက်တွေထဲမှာ သေနတ် ၁၉၉၆ လက်၊ ကျည်ဆံအတွဲပေါင်း သုံးသောင်းနှစ်ထောင်ပါး၊ ဖောက်ခွဲရေးပစ္စည်း ၂၅၆ မျိုး ပါဝင်ပါတယ်။ သေနတ်တွေထဲမှာ ရိုင်ဖယ်၊ စက်သေနတ်၊ ပစ္စတိုနဲ့ လောင်ချာတွေ ပါဝင်ပါတယ်။

By ဒီဗွီဘီ
 
Blogger Templates