ဗြိတိန်နိုင်ငံသို့ တင်ပို့ လိုက်သည့် ရေထွက်ကုန်များ ကြား ခိုးဝှက်တင်ပို့လိုက်သော ဗာလချောင်ကြော်များကို အီးယူ မှ စစ်ဆေးခဲ့ရာ ဓာတုဓာတ်ကြွင်း များပါဝင်နေ၍ ယင်းကုမ္ပဏီကို ဒဏ်ကြေးရိုက်ကာ အမည်ပျက် စာရင်းသွင်းလိုက်ကြောင်း သတင်း ရရှိသည်။
တင်ပို့ခွင့် မပြုထားသော ဗာလချောင်ကြော် အလေးချိန် ၃ ဒသမ ၂၉ တန်ကို ငါး၊ ပုစွန် များအတွင်း ဖုံးကွယ်ကာ ကွန် တိန်နာထဲရောနှောထည့်၍ အီးယူ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဗြိတိန်နိုင်ငံသို့ ပင်လယ်ရေ ကြောင်းမှ တင်ပို့ခဲ့သည်။ ထို့ ကြောင့် တင်ပို့ခွင့်မပြုထားသည့် ပုစွန်ခြောက်၊ ကြက်သွန်နှင့် ငရုတ်သီးများ ရောကြော်ထားသော ဗာလချောင်ကြော်ကို အီးယူမှ ပညာရှင်များက ဓာတ်ခွဲစစ်ဆေး ခဲ့ရာ ဓာတုဓာတ်ကြွင်းတစ်မျိုး ဖြစ်သည့် ကလိုရိုဖီနီကော ဓာတ် ကြွင်းကို တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံသို့ အကြောင်းပြန်ကြားခဲ့သည်။
‘‘အဲဒါတွေပို့တဲ့ ကုမ္ပဏီကို ငါးလုပ်ငန်းဦးစီးဌာနက ဒဏ် ကြေးငွေ ဆယ်သိန်း ရိုက်ပြီး ခြောက်လတင်ပို့ခွင့် ပိတ်လိုက် တယ်။ ဘလက်ခ်လစ်သွင်းလိုက် တယ်။ ကျွန်တော်တို့က အီးယူ ဈေးကွက်ရဖို့ စုစုစည်းစည်းကြိုး စားခဲ့ရတာ။ အခုလိုဖြစ်တော့ ဈေးကွက်ဆုံးရှုံးမှာ စိုးရိမ်နေ တယ်’’ ဟု မြန်မာနိုင်ငံရေထွက် ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးထွန်းအေးကပြောသည်။
အထက်ပါဖြစ်စဉ် ပေါ် ပေါက်သော ဇွန်လမှစတင်ကာ မြန်မာနိုင်ငံမှ တင်ပို့နေသော ရေ ထွက်ကုန်များအပေါ် ယုံကြည်မှု မရှိတော့ဘဲ ကွန်တိန်နာများကို ဖွင့်ဖောက်စစ်ဆေးနေရာ စစ်ဆေးခအဖြစ် ကွန်တိန်နာတစ်လုံးလျှင် ကန်ဒေါ်လာ ၁၅၀၀ နှုန်းဖြင့် တင် ပို့သည့် ကုမ္ပဏီက အပိုကုန်ကျ ငွေပေးနေရကြောင်း ရေထွက်ပို့ ကုန်လုပ်ငန်းရှင်တစ်ဦးကပြော ကြားသည်။
‘‘ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တာတော့ မခံနိုင် ဘူး။ ကျွန်တော်တို့နဲ့ တိုင်ပင်ပြီး တော့ ဒီထက်ပြင်းထန်တဲ့ အပြစ် ပေးသင့်တယ်။ တင်ပို့တဲ့ ကုမ္ပဏီ အပြင် ပရိုဆက်ဆင်းလုပ်တဲ့ အ အေးခန်းစက်ရုံကိုလည်း အရေးယူသင့်တယ်’’ဟု အဆိုပါလုပ်ငန်း ရှင်များကပြောသည်။
ဇွန်လ ၂၄ ရက်စွဲဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ မြန်မာနိုင် ငံရေထွက်ပစ္စည်း ထုတ်လုပ်သူ များနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းသို့ ပို့လိုက်သည့် အ ကြောင်းကြားစာတွင် တရားမ၀င် ကုန်၊ ဓာတုဓာတ်ကြွင်းပါသည့် ကုန်များတင်ပို့ခဲ့သည့် ကုမ္ပဏီ ကို အရေးယူလိုက်ကြောင်း ဖော်ပြထားသည်။