Social Icons

Sunday, June 29, 2014

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းတွင် ဘုရားဖူးယာဉ် တိမ်းမှောက် ခရီးသည် ၂၃ ဦး ဒဏ်ရာရ


ကလေးမြို့နှင့် တမူးမြို့ ကို ဆက်သွယ်ထားသော မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းမပေါ် တွင် ဇွန်လ ၂၇ ရက်က တမူးမြို့သို့ ဘုရားဖူးသွားသည့် ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ခရီးသည် ၂၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံနေရကြောင်း စခန်းကြီးကျေးရွာ ရဲစခန်းမှ သတင်းရရှိသည်။
ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် ကျေးရွာနှင့် ခုံသာကျေးရွာတို့မှ ခရီးသည် ၂၃ ဦးတင်ဆောင်၍ တမူးမြို့သို့ ဘုရားဖူးသွားသည့် ဒိုင်နာအဖြူအိမ်စီးကား တစ်စီး သည် ဇွန်လ ၂၇ ရက် နံနက် ၇ နာရီ မိနစ်၂၀ ခန့်တွင် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းမကြီး မိုင်တိုင်အမှတ် ၄၁/၀ နှင့်၄၁/၁ အကြားတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် ပါလာသော ခရီးသည်အားလုံး ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေမရှိကြောင်း ဆေးရုံတက်ရောက် ကုသမှုခံနေရသူများ၏ ဆွေမျိုးများက ပြောသည်။ ယာဉ်တိမ်းမှောက်ပြီးနောက် ယာဉ်မောင်းကိုဇော်မြင့်ဝင်းမှာ ထွက် ပြေးတိမ်းရှောင်နေကြောင်း စခန်းကြီးကျေးရွာရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောသည်။

ထို့ကြောင့် ယာဉ်မောင်း ကိုဇော်မြင့်ဝင်းအား စခန်းကြီးကျေးရွာရဲစခန်း စခန်းမှူးဦးဆန်းဦးက တရားလိုပြုလုပ်၍ ကလေးမြို့ နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားခဲ့ပြီး ကလေးမြို့နယ် ရဲစခန်းက ဆက်လက်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

By ကိုစိုင်း
7DAY DAILY
 
Blogger Templates