Social Icons

Saturday, June 28, 2014

လယ်တီသိမ်နှင့် စေတီကို ဖျက်ဆီးခဲ့သူများအား ကျိန်စာတိုက်

လယ်တီသိမ်နှင့် စေတီကို ဖျက်ဆီးခဲ့ သူများ ကျဆုံးစေရန် အတွက် လက်ပံတောင်းတောင် ဒေသခံ (၅၀) ကျော်တို့ မှ လယ်တီသိမ်နှင့် စေတီ အား ဖျက်ဆီးသူများ အမြန်ဆုံး ကျဆုံးကြ ပါစေဟု လက်ပံတောင်း တောင်စောင့် နတ်မင်းကြီးများအား တိုင်တည်ကာ ကျိန်စာတိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ကျိန်စာတိုက် ဆုတောင်းမှုကို လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်နိမိတ် ဧရိယာ ခြံစည်းရိုး အနီးတွင် ဇွန်လ (၂၆) ရက်နေ့ ညနေ (၅) နာရီ အချိန်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကျိန်စာတိုက်မှုကို ဆည်တည်း ကျေးရွာသားများက ပြုလုပ်ခဲ့ပြီး၊ငှက်ပျောပွဲသုံးပွဲဖြင့် ကြေးနီစီမံကိန်း သံလွင်ရဲကင်း ခြံစည်းရိုး အပြင်ဘက်တွင် သိမ်နှင့် စေတီကို ဖျက်ဆီးသူတွေ အ၀ိစီ ငရဲကျပါစေ၊ လယ်တီသိမ်နှင့် စေတီကို ဖျက်ဆီးခဲ့သော ဦးပိုင်၊ ၀မ်ပေါင် ကုမ္ပဏီတို့ ကျဆုံး ပါစေနှင့် ၀မ်ပေါင် ရဲလုံခြုံရေးများ ကျဆုံးပါစေ စသည်ဖြင့် ကျိန်စာတိုက် ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

                ဒေသခံတွေပိုင်တဲ့ လျော်ကြေး ယူမထားတဲ့ လယ်ယာမြေတွေ ကိုလည်း ထွန်ယက်ခွင့် မပေးဘူး။ လယ်တီသိမ်နဲ့ စေတီကျတော့ မတရား သဖြင့်ဖျက်ဆီး ပစ်တယ်။ ဘာမှ ဒေသခံတွေကို ထုတ်ဖော် ပြသခြင်း မရှိဘူး။ လူပုံအလယ်ကျောင်း ဖွင့်ပွဲတွေကျမှ လာပြီး ပွဲလာထုတ်တယ်။ ဒေသခံတွေ ဘယ်လောက် ခံစားနေရလဲ။ ဘယ်လောက် ဒုက္ခရောက်နေရသလဲ ဆိုတာကို လာပြီး ဆွေးနွေး တိုင်ပင်ခြင်း မရှိဘူး။ လယ်တီ သိမ်ဖျက်တဲ့ ၀မ်ပေါင်ဦးပိုင် ကုမ္ပဏီလည်း ဒေသခံတွေ ပြိုကွဲသလို ပြိုပါစေ။ လယ်တီသိမ်နဲ့ စေတီကို ဖျက်ဆီးပစ်ခဲ့ သူတွေလည်း အ၀ီစိငရဲ ကျပါစေလို့ ကျိန်စာတိုက်ပြီး၊ လက်ပံတောင်းတောင် စောင့်နတ်တွေကို တိုင်တည်ပြီး ဆုတောင်းခဲ့တာပါ ဟု ဆည်တည်းကျေးရွာမှ မရီဝင်းက The Messenger Media သို့ ပြောသည်။

လင်းလင်းမောင်
Messenger News Journal
 
Blogger Templates