Social Icons

Monday, June 30, 2014

ပင်စင်ပေးခံရသော ဒေါက်တာကျင်ဌေး၏ နစ်နာမှုများအတွက် ဆရာ၊ ဆရာမများအဖွဲ့ချုပ် တောင်းဆို

မယူမနေရ ပင်စင်ပေးခံ ခဲ့ရသော ရန်ကုန်အဝေးသင် တက္ကသိုလ်စီးပွားရေးဌာန  ဌာနမှူးဒေါက်တာကျင်ဌေး၏ လစာ၊ ရာထူးနှင့် လုပ်သက်နစ်နာမှုများကို ပြန်လည်ကုစားပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က တောင်းဆိုလိုက် သည်။

 ပညာရေးဝန်ကြီးဌာနနှင့် ဖြစ်ပွားနေသော အမှုအတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်စီးပွားရေးဌာန  ဌာနမှူးဒေါက် တာကျင်ဌေးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အနိုင်ပေးသော အမိန့်ချမှတ်လိုက်ပြီဖြစ်သည်။
 ပြည်ထောင်စု တရားလွှတ် တော်ချုပ်၏ စီရင်ချက်အမိန့်တွင် ဒေါက်တာကျင်ဌေး၏ ၀န်ထမ်း ဆိုင်ရာ အခွင့်အရေးထိခိုက်နစ် နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ ကြောင်း ပေါ်ပေါက်သည်ဟု ဖော် ပြထားပြီး ဥပဒေရေးရာ အခွင့်အ ရေးကို ထိခိုက်ခြင်း၊ ဆုံးရှုံးခြင်း မှ ကာကွယ်ရန်အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် အာဏာပေးစာချွန်တော်အမိန့်ကို ထုတ်ပေးခြင်းဖြစ်ကြောင်း ရေးသားထားသည်။
 ပြည်ထောင်စုတရားလွှတ် တော်ချုပ်၏ အမိန့်သည် ပညာ ရေးဝန်ကြီးဌာနရှိ အာဏာပိုင် များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၏ လုပ် ပိုင်ခွင့်အာဏာအလွဲသုံးစားပြုမှု နှင့် စီမံခန့်ခွဲရေး လုပ်ငန်းများ မကျွမ်းကျင်မှုကို ပေါ်လွင်ထင်ရှား သောကြောင့် တရားမျှတမှု မရှိ သော အမိန့်ကြော်ငြာစာကို ထုတ်ဆင့်ခဲ့သူများအား ဖော်ထုတ် အရေးယူရန် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်၏ ကြေညာချက်တွင် တိုက်တွန်း ထားသည်။
 ပညာရေးဝန်ကြီးဌာန၏ မယူမနေရ ပင်စင်ပေးခံရသော အမိန့်ကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ပယ်ဖျက်၍ အာဏာပေးစာချွန်တော် အမိန့် ပေးထားသော ဒေါက်တာကျင် ဌေး၏ လစာ၊ ရာထူးနှင့် လုပ် သက်ကို ပြန်လည်ကုစားပေးမှ သာ ပညာရေးဝန်ကြီးဌာန၏ ပုံ ရိပ်ကို ပြန်လည်မြှင့်တင်နိုင်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
 ပညာရေးဝန်ကြီးဌာနက မယူမနေရ ပင်စင်အမိန့်ချမှတ်ခဲ့ ခြင်းကြောင့် နစ်နာခဲ့ရမှုများနှင့် မတရားဆုံးဖြတ်ခဲ့မှုများအပေါ် ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်ရန် ရှေ့နေနှင့် တိုင် ပင်ဆွေးနွေးနေကြောင်း ဒေါက် တာကျင်ဌေးက ပြောထားသည်။
 
Blogger Templates