Social Icons

Monday, June 30, 2014

ထိခိုက်ဒဏ်ရာရ အရေးပေါ်လူနာများအား ဆေးကုပေးရန် ပျက်ကွက်သည့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို ထောင်ဒဏ်ချမှတ်နိုင်သော ဥပဒေကြမ်းလွှတ်တော်တင်

ထိခိုက်ဒဏ်ရာရ ရှိသော အရေးပေါ် လူနာများအား ဆေးကုသမှု မပေးသည့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို ဆေးကုသမှုဆိုင်ရာ လိုင်စင်ရုပ်သိမ်းခြင်းနှင့်အချိန်မီဆေးကု သမှုပေးရန် တာဝန်ပျက်ကွက်သူ ကိုလည်း ထောင်ဒဏ်ချမှတ်နိုင် သည့် ဥပဒေကြမ်းကို ဇွန်လ ၃၀ ရက်တွင် ကျင်းပသောပြည်သူ့ လွှတ်တော်အစည်းအဝေးသို့တင် သွင်းလိုက်ကြောင်း သတင်းရရှိ သည်။

အဆိုပါဥပဒေကြမ်းကို ပြည်  သူ့လွှတ်တော်တရားစီရင်ရေး၊ဥပ ဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင် ရွက်ရေးကော်မတီက တင်သွင်း ခြင်းဖြစ်သည်။
ထိခိုက်ဒဏ်ရာရရှိသော အ ရေးပေါ်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးသူက အချိန်မီ ဆေးကုသရန်တာဝန်ပျက်ကွက် ၍ လူနာသေဆုံးကြောင်း ပေါ် ပေါက်ပါက တစ်နှစ်ထက်မပို သည့် ထောင်ဒဏ်ချမှတ်နိုင်သည် ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက ထည့်သွင်း ထားသည်။
ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း များအနေဖြင့် ထိခိုက်ဒဏ်ရာရရှိ သည့် အရေးပေါ်လူနာများကို  ကျန်းမာရေးစောင့်ရှောက်မှုပေး ရန် ပျက်ကွက်ပါက ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟို ဌာနက သတိပေးခြင်း၊ သတ်မှတ် ထားသော ဒဏ်ကြေးငွေရိုက်ခြင်း၊ လိုင်စင်ကို ကာလအကန်အ သတ်ဖြင့် ရပ်ဆိုင်းခြင်းများနှင့် လိုင်စင်ကို ရုပ်သိမ်းခြင်းပြစ်ဒဏ် များ ချမှတ်ခြင်းခံရမည်လည်း ဖြစ်သည်။
လက်ရှိအချိန်တွင် မတော် တဆထိခိုက်မှုများကြောင့်အရေး ပေါ်လူနာများကို ပုဂ္ဂလိကဆေးရုံ ဆေးခန်းများက ဆေးကုသမှုပေး ရန်လက်မခံသည့် အနေအထား များ ကြုံတွေ့ခဲ့ရပြီး ကာယ ကံရှင်အချို့က ကော်မတီသို့ တင် ပြလာမှုများရှိသည်ဟု ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်း သူ ပြည်သူ့လွှတ်တော်တရားစီရင် ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြား စာများ၊ အသနားခံစာများစိစစ် ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သူရဦးအောင်ကို ကပြောသည်။
‘‘တချို့ မတော်တဆမှု ကြောင့် ထိခိုက်ဒဏ်ရာရတယ်။ ဒါပေမဲ့ အချိန်မီဆေးကုမှုမရလို့ အသက်ဆုံးရှုံးရတာအများကြီးပဲ။ အဲဒါမျိုးတွေမဖြစ်ရအောင် ဒီဥပ ဒေကြမ်းကို လွှတ်တော်ကို တင် သွင်းရတာ’’ဟု ချင်းပြည်နယ် ကန် ပက်လက်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်သူရဦး အောင်ကိုက ဥပဒေကြမ်းကိုဥပ ဒေအဖြစ် ပြဋ္ဌာန်းနိုင်ရန် လွှတ် တော်သို့ တင်သွင်းရခြင်းနှင့်ပတ် သက်ပြီး ပြောသည်။
ယင်းဥပဒေကြမ်းကို ဥပဒေ အဖြစ်အတည်ပြုပြဋ္ဌာန်းနိုင်ပါက မည်သူမဆို ထိခိုက်ဒဏ်ရာရရှိ သည့် အရေးပေါ်လူနာများကို ရဲ တပ်ဖွဲ့၏ဆေးစာကို စောင့်ဆိုင်း စရာမလိုဘဲ ဆေးကုသမှုပေးနိုင် မည်ဖြစ်ကာ ကူညီစောင့်ရှောက်မှု ပေးရန် တာဝန်ပျက်ကွက်သည့်ရဲ တပ်ဖွဲ့ဝင်ကိုလည်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဥပဒေနှင့်အညီအရေးယူ နိုင်မည်ဟုလည်း သူရဦးအောင် ကိုကဆိုသည်။
အသက်ဘေးအန္တရာယ်စိုး ရိမ်ရသော ထိခိုက်ဒဏ်ရာရရှိသူ လူနာများအား အချိန်မီဆေးကုသ နိုင်ရေးအတွက် ကူညီစောင့်ရှောက်ပေးရေးဥပဒေကြမ်းတွင် မည်သူမဆို ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာအား ကူ ညီစောင့်ရှောက်ရန် တာဝန်ကို လိုက်နာရန် ပျက်ကွက်ကြောင်း ပေါ်ပေါက်ပါက အနည်းဆုံးငွေ ကျပ်သုံးသောင်းမှ အများဆုံးငါး သောင်းကျပ်အထိ ငွေဒဏ်ချမှတ် ခြင်းခံရမည်ဟုလည်း ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီ ကထည့်သွင်းထားသည်။
ထိခိုက်ဒဏ်ရာရှိသော သူ များကို ၂၀၁၃ခုနှစ် အသက်ဘေး အန္တရာယ်စိုးရိမ်ရသောထိခိုက် ဒဏ်ရာရရှိသူလူနာများအား အ ချိန်မီဆေးကုသနိုင်ရေးအတွက် ကူညီစောင့်ရှောက်ပေးရေးဥပဒေ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ကူညီ စောင့်ရှောက်သူမည်သူ့ကိုမဆို တရားစွဲဆိုခြင်း၊ အရေးယူခြင်းမ ပြုရဟုပါရှိသည်ဟုပြည်သူ့လွှတ် တော်တရားစီရင်ရေး၊ ဥပဒေရေး ရာနှင့်တိုင်ကြားစာများ၊အသနား ခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီထံမှ သိရသည်။
ယင်းဥပဒေကြမ်းကိုဥပဒေ အဖြစ် အတည်ပြုနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်များတွင် ဆွေးနွေးရ မည်ဖြစ်ပြီး လွှတ်တော်နှစ်ရပ်က ဥပဒေကြမ်းပါအချက်များကို သ ဘောတူပါက သမ္မတမှ လက်မှတ် ရေးထိုးထုတ်ပြန်နိုင်ရန် နိုင်ငံတော်သမ္မတထံပေးပို့ရမည် ဖြစ်သည်။
 
Blogger Templates