Tuesday, July 29, 2014
က၀မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီး
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်ရာ တောင်ဈေး ဖလုံကျေးရွာအတွင်းရှိ ၄ ပင်ပတ်လည် သွပ်မိုး၊ ပျဉ်ကာ၊ နေအိမ် ၄ လုံးနှင့် ၃ ပင်ပတ်လည် ဓနိမိုး၊ ထရံကာနေအိမ်(၁၃)လုံး အမိုးလန်၊ တန်ဘိုးငွေကျပ်(၁,၂၅၀,၀၀၀ိ/-)နှင့် ၄ ပင်ပတ်လည် ဓနိမိုး၊ ထရံကာနေအိမ် ၈ လုံးပြိုကျ၊ တန်ဘိုးငွေကျပ်(၁,၇၀၀,၀၀၀ိ/-)ပျက်စီးဆုံးရှုံးခဲ့ပြီး အခင်းဖြစ်နေရာတွင် သက္ကလရဲကင်းရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အလားတူ ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်မှ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ထိ လေပြင်းတိုက်ခတ်ရာ ပျော်ဘွယ်ကျေးရွာရှိ ၄ ပင်ပတ်လည် သွပ်မိုး၊ ပျဉ်ကာနေအိမ် ၁ လုံးနှင့် ၃ ပင် ပတ်လည် ဓနိမိုး၊ ထရံကာနေအိမ် ၁ လုံး အမိုးလန်၊ တန်ဘိုးငွေကျပ်(၁၈၅,၀၀၀ိ/-)နှင့် ၃ ပင် ပတ်လည် ဓနိမိုး၊ ထရံကာနေအိမ် ၃ လုံးပြိုကျ၊ တန်ဘိုးငွေကျပ်(၆၃၈,၀၀၀ိ/-)ပျက်စီးဆုံးရှုံးခဲ့ကြောင်း နှင့် အဆိုပါနေရာတွင် ကဒါတ်စိန်နယ်မြေရဲစခန်းမှတပ်ဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်