Social Icons

Monday, July 28, 2014

မြန်မာ-ထိုင်းနယ်စပ် ဒုက္ခသည်အရေး နှစ်နိုင်ငံတာဝန်ရှိသူများ သြဂုတ်လဆန်းတွင် ဆွေးနွေးမည်

ရန်ကုန်− မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များနှင့် ပတ်သက်၍ မြန်မာအစိုးရတာဝန်ရှိသူများနှင့် ထိုင်းစစ်တပ်မှ အရာရှိများ သြ ဂုတ် ၁  ရက်တွင် တွေ့ဆုံဆွေးနွေး မည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့နယ် စပ်ဖြတ်ကျော် မှုခင်းဌာနကြီးမှ သတင်းရရှိသည်။

‘‘အဲဒီဆွေးနွေးပွဲအတွက် ထိုင်းအစိုးရက ကျွန်တော်တို့ဆီ က အရာရှိတစ်ယောက်တောင်း တယ်။ ကျွန်တော်တို့လည်း တက် မယ်။ ဆွေးနွေးမယ်။ ဒီတစ်ကြိမ် မှာတော့ ဒုက္ခသည်အရေးဆွေး နွေးသွားဖို့ရှိတယ်။ အဲဒီအပြင် နယ်စပ်တစ်လျှောက်က မှုခင်းတွေနဲ့ မူးယစ်ဆေးဝါးကိစ္စတွေလည်း ဆွေးနွေးမှာ’’ ဟု နယ်စပ်ဖြတ်ကျော်မှုခင်းဌာနကြီးမှာ ရဲအရာရှိတစ်ဦးကပြောသည်။
မြိတ်မြို့တွင် သြဂုတ် ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်မည့် နယ်စပ်ဒေသ ကော်မတီရေးရာ အစည်းအဝေးသို့ ထိုင်းတပ်မ တော်မှ ထိုင်း-မြန်မာနယ်စပ်ရေး ရာကော်မတီတွဲဖက်ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီး ပရာရွတ်ချန်အိုချာတက် ရောက်မည်ဖြစ်ပြီး မြန်မာအစိုးရ ဘက်မှ လူကုန်ကူးရဲတပ်ဖွဲ့၊ မူး ယစ်ရဲတပ်ဖွဲ့အပြင် နယ်စပ်ဖြတ် ကျော်မှုခင်းဌာနမှ အဆင့်မြင့် ရဲ အရာရှိများတက်ရောက်ဆွေးနွေး မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ထိုင်းနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက် လုံခြုံ ရေးအကြောင်းပြချက်ဖြင့် ဒုက္ခ သည်စခန်းများအား ထိုင်းစစ်တပ် က ၀င်ရောက်စစ်ဆေးနေပြီး တရားမ၀င်အလုပ်သမားများကို လည်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ သည်။ ဇူလိုင် ပထမပတ်ကလည်း မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ် တွင် အာဏာသိမ်းစစ်ခေါင်း ဆောင်ဗိုလ်ချုပ်ကြီး ပရာယွတ်နှင့် တွေ့ဆုံခဲ့ပြီးနောက် ထိုင်းနိုင်ငံရှိ မြန်မာလူမျိုး ဒုက္ခသည်များကို နေရပ်ပြန်ပို့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ဒုက္ခသည်ဦးရေသောင်းနှင့် ချီ၍ ရှိနေသည့် မယ်ဟောင် ဆောင်ကရင်နီဒုက္ခသည်စခန်း တွင် လူစာရင်းစစ်ဆေးရန် ဇူလိုင် ၁၉ ရက်မှ ဇူလိုင်လကုန်အထိ ထိုင်းစစ်တပ်က ကာလသတ်မှတ် ကာ စတင်စစ်ဆေးခဲ့သည်။ အဆို ပါဒုက္ခသည်များအရေးနှင့် ပတ် သက်၍မူ မြန်မာနှင့် ထိုင်းအစိုးရ များက သတင်းတိတိကျကျ ထုတ်ပြန်ခြင်းမရှိသေးပေ။
 
Blogger Templates