Social Icons

Monday, July 28, 2014

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် ဒေသအချို့နေရာကွက်မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော် တွင် ဇူလိုင်လအတွင်း သုံးကြိမ် မြောက်လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး မုတ်သုံလေအား ကောင်းနေသောကြောင့် ဒေသ အချို့နေရာကွက်၍ မိုးကြီးနိုင် သေးကြောင်း မိုး/ဇလဌာန ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးကျော် မိုးဦးကပြောသည်။

‘‘လေဖိအားနည်းရပ်ဝန်းက ကုန်းတစ်ဝက်၊ ရေတစ်ဝက်အနေ အထားနဲ့ အိန္ဒိယကမ်းရိုးတန်း ဘက်ကိုတော့ ရွေ့နေတယ်။ မြန် မာနိုင်ငံအတွက်တော့ နေရာကွက်ပြီး မိုးကြီးမယ့်အန္တရာယ်ရှိနေသေး တယ်’’ဟု ဦးကျော်မိုးဦးက ပြော သည်။
နေရာကွက်၍ မိုးကြီးမည့် အန္တရာယ်ရှိသော ဒေသများအ ဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုး/ဇလဌာနက သတိပေးထား သည်။ ထို့အပြင် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးသက်  လေပြင်းကျရောက်နိုင်ပြီး လေ တိုက်နှုန်း တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင် ကြောင်း သတင်းထုတ်ပြန်ထား သည်။
ယခုရက်ပိုင်းအတွင်း ဒေသ အနှံ့မိုးသည်းထန်စွာ ရွာသွန်းနေ သောကြောင့် ဧရာဝတီ၊ စစ် တောင်း၊ သံလွင်နှင့် ချင်းတွင်း မြစ်တို့တွင် မြစ်ရေတက်လာပြီး ဘားအံ့မြို့တွင် သံလွင်မြစ်၏ စိုး ရိမ်ရေမှတ်အထက်သို့ ရောက်ရှိ နေကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။
 
Blogger Templates