Social Icons

Monday, July 28, 2014

ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးတွင် (၅)မိနစ်အတွင်း အရေးပေါ် ကူညီပေးနိုင်မည့် Hotline စနစ်တစ်ခုစတင်

 ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးတွင် ခရီးသွား ပြည်သူများ အနေဖြင့် အရေးပေါ် အခြေအနေ ဖြစ်လာ ပါက ချက်ချင်း ခေါ်ဆိုပြီး အကူအညီ တောင်းနိုင်မည့် Hotline စနစ်တစ်ခုအား စတင်လိုက်ပြီဟု သိရ သည်။

ယင်းလမ်းပေါ်တွင် အသုံးပြု သွားလာနေကြသည့် ခရီးသွားပြည်သူများ အနေဖြင့် အရေးပေါ် အခြေအနေ ဖြစ်လာပါက Hotline နံပတ် ၁၈၈၀  အား ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ကြောင်း ယနေ့ Orchid ဟိုတည်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာ အမြန်လမ်း အင်ဂျင်နီယာမှူး ဦးကြည်ဇော်မြင့်က ပြောသည်။

“ တစ်ခုခု မတော်တဆဖြစ်ရင် ခရီးသွားပြည်သူတွေအနေနဲ့ Hotline နံပတ် ၁၈၈၀ ကို အရေးပေါ် ချက်ချင်းဆက်သွယ်နိုင်တယ်။ ၅ မိနစ်အတွင်းမှာ ကျနော်တို့ သွားရောက်ပြီး ကူညီဆောင်ရွက် ပေးသွားနိုင်အောင် ဒီစနစ်ကို စီစဉ်ထားပါတယ်” ဟု သူက ဆိုသည်။

ယခင်က ခရီးသွားပြည်သူများ အနေဖြင့် အရေးပေါ် အကူအညီတောင်းခံရန် Hotline နံပတ် ၁၉၉ နှင့် ၁၈၇၆ လိုင်းများ ရှိခဲ့သော်လည်း ဖုံးလိုင်းမအားသဖြင့် အချိန်ပြည့် အကူအညီမပေးနိုင်ခဲ့၍ Hotline နံပတ်  ၁၈၈၀ အား အသစ်တပ်ဆိုင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခု Hotline နံပတ် ၁၈၈၀ အတွက် လူအင်အား (၂၅) ဦးဖြင့် အားဖြည့်ထားပြီး တစ်နေ့ ၂၄ နာရီ အချိန်ပြည့် လုပ်ဆောင်သွားမည်ဟု သိရသည်။

Hotline ၁၈၈၀ အား ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ပြီး အကူအညီ တောင်းခံနိုင်ကြောင်း သူက ပြောသည်။

“ အဓိကတော့ဗျာ ခရီးသွား မိဘပြည်သူတွေ အနေနဲ့ အဆင်ပြေချောမွေ့စေရေးနဲ့ ဘယ်နေရာ မဆို မတော်တဆ တစ်ခုခု ဖြစ်ပွားခဲ့ရင် မလိုလားအပ်ဘဲ အသက် ဆုံးရှုံးမူတွေ မဖြစ်စေရေး အတွက် အဓိက ရည်ရွယ်ပြီး စီစဉ် ပြုလုပ်တာ ဖြစ်ပါတယ်။ ဒါ့ပြင် မော်တော်ယာဉ်တွေ အနေနဲ့ စက်ချို့ယွင်းမူ ဖြစ်ပွားသည် ဖြစ်စေ၊ မတော်တဆမော်တော်ယာဉ် မီးလောင်သည် ဖြစ်စေ အကူအညီ တောင်းခံလို့ ရနိုင်အောင် စီစဉ်ပေးတာ ဖြစ်ပါတယ်” ဟု စီစဉ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အမြန်လမ်း အင်ဂျင်နီယာမှူးက ဆိုသည်။

အရေးပေါ် Hotine နံပါတ် ၁၈၈၀  အားဆက်သွယ်ပါက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၊ မြန်မာနိုင်ငံ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့်  ပြုပြင် ထိန်းသိမ်းရေး မော်တော်ယာဉ်များနှင့်အတူ အခင်း ဖြစ်ပွားရာနေရာသို့ ချက်ချင်း လာရောက်ကူညီဖြေရှင်း ပေးသွားမည်ဟု ဆိုသည်။

ွှအရေးပေါ် ဖုံးခေါ်ဆိုမူဖြစ်သော်လည်း သာမန် ဖုံးခေါ်ဆိုသည့် နုန်းထားအတိုင်း တစ်မိနစ်လျှင် ကျပ် (၅၀) နှုန်းသာ ကုန်ကျမည်ဖြစ်သည်ဟု ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကူညီရေး စခန်း (၅) ခု လောလောဆယ်တွင် တည်ဆောက် ထားပြီး နောက်ထပ် (၁၀) ခုထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ကားမတော်တဆ ဖြစ်ပွားမူများ မကြာခဏ ဖြစ်ပေါ်နေပြီး ဖြစ်ပွားပါက ခရီးသွားပြည်သူများအနေဖြင့်  Hotline နံပတ် ၁၈၈၀ ကို အရေးပေါ် ချက်ချင်း ခေါ်ဆိုနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

(နိရဉ္စရာ- ၂၈ ဇူလိုင်လ ၂၀၁၄)/ ပေသီး
 
Blogger Templates