ဒီအလောင်း တွေ့ရှိမှုနဲ့ ပတ်သက်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ သမီးနဲ့ သူမသမီးရဲ့ ရည်းစားတို့ကို ရဲတွေက ဖမ်းဆီး လိုက်တယ်လို့ ဆိုပါတယ်။
ခရီးဆောင်လက်ဆွဲ သေတ္တာထဲမှာ ထည့်ထားတဲ့ အသက် ၆၂နှစ်အရွယ် အမျိုးသမီးရဲ့ အလောင်းကို ဘာလီကျွန်းက five-star အဆင့်ရှိ St Regis ဟိုတယ်ရှေ့က တက္ကစီပေါ်ကို တင်ဖို့ ကြိုးစားနေချိန်မှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အမျိုးသမီး အလောင်းရဲ့ တ၀က်ဟာ အ၀တ်အစား မပါပဲ ခေါင်းတွေမှာ အကြိမ်ပေါင်း များစွာ ထိခိုက်ဒဏ်ရာတွေရှိနေတဲ့အတွက် သူမ မသေခင်မှာ အတော်လေး ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့မယ်လို့ ဆရာဝန်က ပြောပါတယ်။
အဲဒီအမျိုး သမီးဟာ အသက် ၁၉နှစ်အရွယ် သမီးနဲ့ အသက် ၂၁ အရွယ် သမီးရဲ့ရည်းစားတို့နဲ့အတူ အဲဒီဟိုတယ်မှာ တည်းခိုခဲ့ကြတာ ဖြစ်တယ်လို့ ရဲအရာရှိ Djoko Hari Utomo က သတင်းထောက် တွေကို ပြောပါတယ်။
ဂျာကာတာက အမေရိကန် သံရုံးက ဒီမှုနဲ့ ပတ်သက်ပြီးသိရှိထားကြောင်း ကြေညာချက် ထုတ်ပြန်ထား သလို ရဲတွေကလည်း ဒီအမှုကို လူသတ်မှုအဖြစ် စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ABC