ရန်ကုန်မြို့မှာ ကားပြခန်း Showroom ဖွင့်လှစ်ထားသူတွေအနေနဲ့ လက်ရှိ
Consignment အကြွေးယူစနစ် နဲ့ တင်သွင်းနေရာကနေ Letter of Credit/ Telegraph
Transfer LC/TT စနစ်နဲ့ တိုက်ရိုက် ၀ယ်ယူတင်သွင်းမယ် ဆိုရင် အစီးရေ
အကန့်အသတ်မရှိ တင်သွင်းခွင့် ပြုမယ်လို့ စီးပွားရေးနဲ့
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
လက်ရှိ အကြွေးစနစ်နဲ့ ၀ယ်ယူတဲ့ ကားပြခန်းတွေကတော့ ကားအစီးရေ စုစုပေါင်း ၂၀၀ ထက် ပိုပြီး တင်သွင်းခွင့် မပြုဖို့ ကန့်သတ်ထားပါတယ်။
အရင်က အကြွေးစာရင်းနဲ့ ကားတင်သွင်းလိုသူတွေအနေနဲ့ အစိုးရဆီမှာ ဒေါ်လာ ၁
သိန်းခွဲ အပေါင်ထားရပြီး အခု LC/TT စနစ်နဲ့ တင်သွင်းမယ် ဆိုရင်တော့
အပေါင်ငွေ ထားဖို့ မလိုတော့ဘူးလို့ ၀န်ကြီးဌာနရဲ့ တာဝန်ရှိသူတယောက်က
ပြောပါတယ်။
By ဒီဗွီဘီ