သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေသို့ အစိုးရတပ်မတော် စစ်အင်အား
အလုံးအရင်းသုံးပြီး တိုက်ခိုက်နေခြင်းသည် လက်ရှိငြိမ်းချမ်းရေး တည်ဆောက်နေ
ချိန်ဖြစ်သဖြင့် လုံးဝ မသင့်လျော်ကြောင်း၊ ငြိမ်း ချမ်းရေး ပျက်လျှင်
မြန်မာ့တပ်မတော်က ဖျက်ဆီးသူဟု RCSS/SSA က ပြောကြား လိုက်ပါသည်။
မြန်မာ့တပ်မတော်အနေဖြင့် ရလခ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်
တပ်ရင်းများ၊ ရမခ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်လက်အောက်ခံ တပ်ရင်းများ
အင်အား ၁၀၀၀ ကျော် သုံးကာ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲ ကာ
ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် သျှမ်းပြည်တပ်မ တော် SSPP/SSA အား
ထိုးစစ်ဆင်နေခြင်းသည် ငြိမ်းချမ်းရေး ပျက်စီးအာင် ဖျက်ဆီးနေခြင်းနှင့်
တူသည်ဟု RCSS/SSA က ကြေငြာချက်တစောင် ထုတ်ပြန် လိုက်သည်။
“သျှမ်းပြည်တပ်မတော် SSPP/SSA ကို အခုလိုထိုးစစ်ဆင်နေတဲ့အပေါ် အစိုးရ အနေနဲ့
ဖြေရှင်းပေးသင့် တယ်။ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ဘဲမဟုတ်ဘူး၊
တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလဲ သိထားသင့် တယ်။ မြန်မာ့
တပ်မတော်က ရိုးသားမှုမရှိဘူး၊ အပြောတမျိုးအလုပ်တမျိုးလုပ်နေတယ်။
တိုင်းရင်းသားဒေသမှာ အင်အားမလျှော့တဲ့အပြင် အင်အားတိုးချပြီးထိုး
စစ်ဆင်နေတယ်။ ဒီကိစ္စကို ပြန်သုံးသပ်သင့်တယ်။ ငြိမ်းချမ်းရေးပျက် ရင်
မြန်မာ့တပ်မတော်က ဖျက်တဲ့သူဘဲ” - ဟု သျှမ်းပြည်ပြန် လည်ထူထောင်ရေးေ ကာင်စီ
သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ပြောရေးဆိုခွင့် စိုင်းဆိုင်မိဏ်းက
ပြောကြားလိုက်သည်။
RCSS/SSA ၏ အောက်တိုဘာ ၃ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ကြေငြာချက်တွင် - (၁)
အင်အား ထောင် ဂဏန်းသုံးပြီး SSPP/SSA အပေါ် မြန်မာ့တပ်မတော်
ထိုးစစ်ဆင်နေသည့်လုပ်ရပ်အား အပြင်းအထန် ကန့် ကွက်ကြောင်း၊ (၂)
မြန်မာ့တပ်မတော်လုပ်ရပ်သည် သမ္မတကိုယ်တိုင် ဦးဆောင် တည်ဆောက်
နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် မြန်မာ့တပ်မတော်ကိုယ်တိုင်
ချမှတ်ထားသည့် မူ ၆ ရပ်နှင့်လည်း ဆန့်ကျင်သွေဖီနေကြောင်း၊ (၃)
ငြိမ်းချမ်းရေးတည်ဆောက်ထားသော တိုင်းရင်းသားတော်လှန်ရေး
တပ်မတော်များအနေဖြင့် မြန်မာ့တပ်မတော်လုပ်ရပ်အပေါ်
ပြန်လည်သုံးသပ်သင့်ကြောင်း - ပါရှိပါ သည်။
လက်ရှိတွင် မြန်မာအစိုးရ တပ်မတော်သည် သျှမ်းပြည်တပ်မတော် SSPP/SSA
နယ်မြေအတွင်း အင်အားအလုံးအရင်းဖြည့်ကာ ထိုးစစ်ဆင်နေသောကြောင့် ယမန်နေ့နှင့်
ယနေ့အတွင်း တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။
သျှမ်းသံတော်ဆင့်