ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ တွင် လျှပ်စစ်ကြိုးသွယ်တန်းထား သော ဓာတ်တိုင်မှ ဗို့အား ၁၁ ကေဗီရှိ ဓာတ်ကြိုးပြတ်ကျရာ ဓာတ်လိုက်ပြီး တစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိကြောင်း သ တင်းရရှိသည်။
ဒိုက်ဦးမြို့ဒရယ်မီးရပ်ကွက် တွင် ဇွန်လ ၂၈ ရက်၌ ကျောက် တံခါးမြို့၊ ကုန်းလယ်ရိုးကျေးရွာ ဇာတိဦးဒယ်ဒီသန်းသည် ဒိုက်ဦး မြို့သို့ လယ်ယာသုံးပစ္စည်းများ လာရောက်ဝယ်ယူပြီး ဆိုင်မှ အ ထွက်တွင် ၎င်း၏ကိုယ်ပေါ်သို့ဓာတ်ကြိုးပြတ်ကျ၍ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ် သည်။ ၎င်းနှင့်အတူ ဆိုင်မှထွက်လာသော ဒိုက်ဦးမြို့၊ သပြေတော ကျေးရွာမှ ကိုဟိန်းဇော်သည် ပြင်ပဒဏ်ရာမရရှိဘဲ ဦးခေါင်း မူးဝေနေသောကြောင့် ပဲခူးဆေးရုံ သို့ တက်ရောက်ကုသခံခဲ့ရ ကြောင်း သတင်းရရှိသည်။
ဓာတ်ကြိုးပြတ်ကျမှုကို ဒိုက် ဦးမြို့ လျှပ်စစ်ဦးစီးဌာနက မိုးကြိုး ပစ်မှုကြောင့် ဓာတ်ကြိုးပြတ်ကျ ခြင်းဖြစ်ကြောင်း ပြောဆိုသည်။ သို့သော် ဒိုက်ဦးမြို့သူ၊ မြို့သား များက မိုးကြိုးပစ်ချခြင်းမဟုတ်ဘဲ ကြိုးပြတ်ကျခြင်းသာဖြစ်ကြောင်း ပြောပြီး ဒရယ်မီးရပ်ကွက်တွင် ယခုတစ်ကြိမ်အပါအ၀င် ဓာတ်ကြိုးလေးကြိမ်ပြတ်ကျဖူးကြောင်း ဒေသခံများကဆိုသည်။
‘‘မိုးရွာပြီးစ အချိန်ဖြစ်တာ ပါ။ မိုးကြိုးပစ်သံမကြားသလို လျှပ်စီးတောင်မလက်ပါဘူး။ ဒီ ရပ်ကွက်မှာ ဒီတစ်ကြိမ်နဲ့ဆို လေးကြိမ်ရှိပါပြီ။ လျှပ်စစ်ကလူတွေ က ကြိုးသစ်မလဲဘဲ ဒီအတိုင်း ပြန်ပြန်ဆက်ဆက်ပြီး လုပ်သွား တာ။ ဒီလူတွေက မသေသင့်ဘဲ သေရတာ။ ရပ်ကွက်ကသူတွေက ဂရုစိုက်ပြီး သွားနေရတယ်။ သေ သေချာချာလုပ်ပေးသင့်ပါတယ်’’ ဟု ဒရယ်မီးရပ်ကွက်နေ အမျိုး သားတစ်ဦးကပြောသည်။
‘‘သဘာဝဘေးအန္တရာယ် ကြောင့်ဖြစ်သွားတာပါ။ သူက နယ်ကနေ ဈေးလာဝယ်တာပါ။ ဈေးဆိုင်ကသူတွေက မိုးရွာနေလို့ မသွားပါနဲ့လို့ တားပါသေးတယ် တဲ့။ ဓာတ်တိုင်ကို မိုးကြိုးပစ်ချတာ ပါ။ အဲဒါကြောင့် ကြိုးပြတ်ကျပြီး သေသွားတာပါ။ သူ့ရဲ့ နာရေးအ တွက် ထောက်ပံ့ငွေ နှစ်သိန်းသွား ပေးပြီး ဆောင်ရွက်ပေးထားပါ တယ်။ ဒါက သက်သက်မဲ့လုပ်ပေး တာပါ။ နောက်လူတစ်ဦးကတော့ ဒဏ်ရာမရပါဘူး။ သူတို့က စိုးရိမ် လို့ ပဲခူးဆေးရုံကို သွားကြတာပါ။ အခုကြိုးအသစ်တွေလည်း လဲ ပေးပြီးသွားပါပြီ’’ဟု ဒိုက်ဦးမြို့ လျှပ်စစ်ဦးစီးဌာန လက်ထောက် အင်ဂျင်နီယာဦးအာကာထက်ပိုင် ဆွေကပြောသည်။
လျှပ်စစ်ကြိုးများ ပြတ်ကျမှု ကြောင့် သေဆုံးမှုများတွင် သက် ဆိုင်ရာမြို့နယ် လျှပ်စစ်ဌာန၌ တာဝန်ရှိပြီး၊ ၎င်းတို့ပေါ့ဆမှု ကြောင့် သေဆုံးရခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄ (က)ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း တရားရုံးချုပ်ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း)က ဓာတ်ကြိုးပြတ်ကျ၍ ပြည်သူအချို့သေဆုံးဒဏ် ရာရရှိ ခဲ့ခြင်းနှင့် ပတ်သက်၍ ပြောထား သည်။
ဓာတ်ကြိုးပြတ်ကျမှုကြောင့် အလားတူသေဆုံးမှုမျိုး ဇွန်လ ၂၁ ရက်တွင် ရန်ကုန်မြို့လှည်းတန်း၊ ပေ ၅၀ လမ်း၌ ဖြစ်ပွားခဲ့သည်။ ထိုလမ်းရှိ ဓာတ်တိုင်တစ်တိုင်မှ ဓာတ်ကြိုးပြတ်ကျရာ ဓာတ်တိုင် အနီးရှိ ကုန်စိမ်းသည် အမျိုးသမီး တစ်ဦးနှင့် ဈေးဝယ်လာသူ အမျိုး သားတစ်ဦးတို့ သေဆုံးခဲ့သည်။ ထို့အပြင် ဈေးသည် နှစ်ဦးဒဏ်ရာ ရပြီး တစ်ဦးမှာ ယခုအချိန်ထိ အရေးပေါ်ကုသနေရသည်။