Social Icons

Monday, June 30, 2014

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လူမှုရေးခက်ခဲသော မြို့နယ်များရှိ ကျောင်းသားများ အမှတ်စာရင်းမလိုဘဲ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့ လျှောက်ထားနိုင်

 ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၏ ယခုနှစ်ပညာသင် နှစ်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသများနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ် ခံစားခွင့်ရှိသည့် လူမှုရေးခက်ခဲ သော မြို့နယ်များမှ တိုင်းရင်း သားကျောင်းသားများကို အမှတ် ကန့်သတ်ခြင်းမရှိဘဲ ဦးစားပေး ခေါ်ယူသွားမည်ကြောင်း သတင်းရရှိသည်။

စိုက်ပျိုးရေးသိပ္ပံဘွဲ့ B.Agr.Sc  ငါးနှစ်သင်တန်း ပထမနှစ် ၀င်ခွင့်အမှတ်ကို တက္ကသိုလ်ဝင် တန်းစာမေးပွဲ ရမှတ် ၃၂၀ နှင့် အထက် သတ်မှတ်ထားသော် လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် နိုင်ငံတော်မှ ထုတ် ပြန်ထားသော ဒေသစရိတ်ခံစား ခွင့်ရှိသည့် လူမှုရေးခက်ခဲသော မြို့နယ်များမှ လျှောက်ထားသည့် ကျောင်းသားများကို ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လယ်ယာစိုက် ပျိုးထုတ်လုပ်မှု မြှင့်တင်ရေးအ တွက် အမှတ်ဖြင့် ကန့်သတ်ခြင်း မရှိဘဲ ဦးစားပေးလက်ခံပေးမည် ဖြစ်ကြောင်း ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်က ထုတ်ပြန်ကြေညာ ထားသည်။
အဆိုပါ ၀င်ခွင့်လျှောက်လွှာ ကို ၂၀၁၄ ခုနှစ် သိပ္ပံဘာသာရပ်ဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင် ထားသူများ လျှောက်ထားနိုင်ပြီး အမျိုးသား ၁၅၀ ဦးနှင့် အမျိုး သမီး ၁၅၀ ဦး လက်ခံသွားမည် ဖြစ်သည်။
ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ၀င်ခွင့်လျှောက်ထားသူများ သည်   လျှောက်လွှာ  အေ−ဖိုးဆိုဒ်စာရွက်တွင် ကွန်ပျူတာဖြင့် ရိုက်ကူး၍ လိုင်စင်ဓာတ်ပုံ သုံးပုံ၊ တက္ကသိုလ်ဝင် စာမေးပွဲအောင် မြင်ကြောင်း    သက်ဆိုင်ရာ ကျောင်းအုပ်ကြီး ထောက်ခံချက် (မိတ္တူ)၊ အမှတ်စာရင်း (မိတ္တူ)၊ လျှောက်ထားသူနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)၊နိုင်ငံရေးကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာရဲစခန်း၊ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံစာနှင့် ပူးတွဲ၍ စက်တင်ဘာ ၁၉ ရက် နောက်ဆုံးထားကာ   ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ကျောင်းသားရေးရာ ဌာနသို့    လိပ်မူပေးပို့ရမည်ဖြစ် သည်။
ဝင်ခွင့်ရရှိသည့် ကျောင်း သားများသည်  လူတွေ့နှုတ်မေး စစ်ဆေးခြင်းနှင့် ကျန်းမာရေးစစ် ဆေးခြင်း ခံယူရမည်ဖြစ်ပြီး လူ တွေ့နှုတ်မေးဖြေဆိုခွင့်ရှိသည့် ကျောင်းသားများစာရင်းကို အောက်တို ဘာ ၁ ရက်တွင် ထုတ်ပြန်ကြေ ညာသွားမည်ဖြစ်သည်။
လူတွေ့နှုတ်မေးစစ်ဆေး မည့် နေ့ရက်နှင့် ရက်အလိုက် ဖြေ ဆိုရမည့်သူများ စာရင်းကို နိုင်ငံ ပိုင်သတင်းစာများတွင် ထပ်မံ ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်သည်။
ရေဆင်းစိုက်ပျိုးရေးတက္က သိုလ်ဝင်ခွင့်မရှိခဲ့ပါက တက္က သိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့က ကြေညာသတ်မှတ်ထား သော နည်းလမ်းအတိုင်း ၀င်ခွင့် လျှောက်လွှာအိတ်ဖြင့် အခြား တက္ကသိုလ်များသို့လည်း ၀င်ခွင့် လျှောက်ထားနိုင်ကြောင်း သိရ သည်။
 
Blogger Templates