Social Icons

Wednesday, June 25, 2014

အသတ်ခံခဲ့ရသည့် အမျိုးသားအား သိရှိသူများမှ ဆက်သွယ်ပေးရန် အကူအညီတောင်း

လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ် ကား
လမ်းဘေး၊ န၀ဒေး မှတ်တိုင် အနီး တံတားပေါ်
တွင် ယမန်နေ့ နံနက်(၁) နာရီ အချိန်ခန့်က
အမျိုးသားတစ်ဦး ဒဏ်ရာများ ဖြင့် လဲကျသေ
ဆုံးနေမှုတွေ့ရှိခဲ့ ရပြီး၊ သေဆုံးသူ မည်သူ

မည်ဝါ မသိရ၍ သိရှိသူများမှ ကူညီသတင်းပေးကြပါရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အကူအညီ တောင်းခံထားသည်။

               သေဆုံးသူ ဘယ်သူဘယ်ဝါမှန်း မသိတော့သတ်တဲ့သူကို ဖော်ထုတ်ဖို့ အခက်အခဲရှိနေတယ်။ ဒါကြောင့် သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေ အနေနဲ့ သတင်းပေးဖို့ အကူအညီ တောင်းရတာပါ ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူက ပြောသည်။ သေဆုံးသူ အမျိုးသား သည် ပြတ်ရှ ဒဏ်ရာများ၊ ဓားထိုး ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်ပြီး၊ လှိုင်သာယာ မြို့မ ရဲစခန်းမှ (ပ) (၈၉၇) ၏၂၀၁၄၊ပြစ်မှုပုဒ်မ-(၃၀၂) ဖြင့် အမှုဖွင့်ကာ စုံစမ်း ဖော်ထုတ်နေကြောင်း သိရသည်။ သေဆုံးသူမှာ အသက် (၃၀)နှစ်ခန့်၊ အရပ်(၅) ပေ(၆) လက်မခန့် ရှိသည်ဟု သိရသည်။

                ပြည်သူများမှ အဆိုပါ သေဆုံးသူအား သိရှိပါက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး ၀၁-၂၃၀၇၄၇ ၊ ရဲမှူး(မှုခင်း)၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုးရုံး ၀၉-၈၆၀၂ ၃၆၃၊ လှိုင်သာယာ မြို့မရဲစခန်း ၀၁-၆၄၅၀၁၆၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှုးရုံး ၀၁-၆၄၅၈၂၃ စသည့် ဖုန်းနံပတ်များသို့ ဆက် သွယ်သတင်း ပေးပို့နိုင်ကြောင်း သိရသည်။

The Messenger Daily News
 
Blogger Templates