Social Icons

Wednesday, June 25, 2014

နိုင်ဂျီးရီးယားမြို့တော် အဘူဂျာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ အနည်းဆုံး ၂၁ ဦး သေ

နိုင်ဂျီးရီးယားမြို့တော် အဘူဂျာတွင် ဇွန် ၂၅၊
ဗုဒ္ဓဟူးနေ့က ဈေးဝယ်ရပ်ကွက်တစ်ခု၌ လူစည်
ကားချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်း
ဆုံး လူ ၂၁ ဦး သေဆုံးခဲ့သည်။
၎င်းတိုက်ခိုက်မှုမှာ မည်သူ့လက်ချက်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပါ။ မည်သူကမှလည်း ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်မခံသေးပါ။ သို့သော် စစ်သွေးကြွအုပ်စု ဘိုကိုဟာရာမ်မှ ငါးနှစ်သက်တမ်းရှိပြီဖြစ်သည့် ၎င်းတို့၏ အစ္စလာမ်အကြမ်းဖက်မှုများတွင် နောက်ပိုင်းကာလ၌ ပြည်သူများကို ဦးတည်ချက်ထား တိုက်ခိုက်မှုများ ဆထက်တိုးများပြားလာသည်။

၎င်းပေါက်ကွဲမှုသည် မြို့တော်အဘူဂျာ၌ သုံးလအတွင်း တတိယမြောက် ပေါက်ကွဲမှုဖြစ်ပြီး အာဖရိက၏ လူဦးရေအထူထပ်ဆုံး တိုင်းပြည်၌ ပြည်သူများ အဆက်မပြတ် ပစ်ခတ်အသတ်ခံနေရ၊ ဗုံးခွဲအတိုက်ခိုက်ခံနေရသည်ကို ကာကွယ်မပေးနိုင်သော အစိုးရနှင့် စစ်တပ်အား လူထုမှ အမျက်ဒေါသသင့်လျက် ရှိသည်။

ပေါက်ကွဲမှုမှာ လူစည်ကားသော ဈေးရပ်ကွက်အနီးရှိ လူသိများထင်ရှားသော ဘာနတ်စ်ပလာဇာ ဈေးဝယ်စင်တာ၌ ဒေသစံတော်ချိန် လေးနာရီ (1500 GMT) မထိုးခင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးပါပြီ။ သေဆုံးသူ ၂၁ ယောက်၊ ဒဏ်ရာရ ၁၇ ယောက် လို့ အတည်ပြုပြီးပါပြီ။" ဟု ရဲပြောရေးဆိုခွင့်ရှိသူ ဖရန့်အမ်ဘာမှ ပြောကြားသည်။ သံသယရှိသူတစ်ယောက်ကိုလည်း ဖမ်းထားသည်ဟူ၍လည်း ထပ်လောင်းပြောကြားသည်။

အခြားသံသယရှိသူတစ်ဦးမှာမူ မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးရန် ကြိုးစားနေစဉ် စစ်သားများမှ အသေပစ်ခတ် ဖမ်းဆီးလိုက်သည်။

မျိုးမင်းသက် ဘာသာပြန်ဆိုသည်။

Reuters
 
Blogger Templates