Social Icons

Saturday, June 28, 2014

ထိန်းသိမ်းစောင့်ရှောက်ပေးမည့်သူမရှိသည့် လွတ်လပ်ရေးကျောက်တိုင်ကွင်း မကြာခဏဖျက်စီးခံနေရ


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်း
သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရာပြည့်ကပ်ကျော်
ကန်သာယာ ကန်ကြီးအတွင်းရှိ လွတ်လပ်ရေး
ကျွန်းပေါ်တွင် တည်ထားသည့် လွတ်
လပ်ရေးကျောက်တိုင်မှ ခြင်္သေ့ရုပ်တု ကြီးများနှင့် 
ပန်းအလှပင်များကို မကြာခဏဖျက်စီးခံနေရကြောင်း လာရောက်အပန်းဖြေသူ ဒေသခံ မြို့မိ၊မြို့ ဖတစ်ဦးထံမှ သိရသည်။

အဆိုပါ လွတ်လပ်ရေးကျောက်တိုင်ကျွန်းပေါ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များအရ အ များပြည်သူ အပန်းဖြေအနားယူနိုင်ရန် ပန်းမန်းသစ်ပင်များ၊ ခေတ်မီထိုင်ခုံများ၊ အလှဆင်မီးသီးများတပ်ဆင် ပြုလုပ်ပေးထားသော်လည်း နေ့ရောညပါ အချိန်ပြည့် ထိန်းသိမ်းစောင့်ရှောက်ပေးမည့်သူမရှိသည့်အတွက် မကြာခဏ ရိုက်ချိုးဖျက်စီးခံနေရခြင်းဖြစ်သည်။

ထို့ကြောင့် လွတ်လပ်ရေးကျောက်တိုင်၏ ဘေးပတ်လည်တွင် ၀န်းရံ၍ ထုလုပ်ထားရှိသည့် ခြင်္သေ့ရုပ်ထု ကြီး ခြောက်ကောင်သည် ယခုအခါ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပျက်စီးချို့ယွင်းလျက်ရှိတော့သည်။ ထိုသို့ သောပျက်စီးယိုယွင်းနေသည့် ပန်းမန်းသစ်ပင်များ၊ ထိုင်ခုံးများ၊ အလှဆင်မီးသီးများနှင့် ရုပ်ထုများကို မြင် တွေ့ရကြရသည့်အခါ အပန်းဖြေအနားယူရန် လာရောက်သူများအဖို့ စိတ်မသက်သယဖွယ်ရာ အခြေအနေ များနှင့် တွေ့ကြုံခံစားရသည်ဟု အပန်ဖြေလာရောက်သူများမှ ပြောပြသည်။

အဆိုပါ လွတ်လပ်ရေးကျောက်တိုင်ကွင်အား သက်ဆိုင်ရာမှ ငွေကြေးကုန်ကျခံကာ သန့်ရှင်းသာယာလှပ အောင်ပြုလုပ်ပေးထားသည့်အတွက် အပန်းဖြေလာရောက်သူများမှလည်း သန့်ရှင်းသာယာလှပမှုအား ထိ ခိုက်ပျက်စီးခြင်းမရှိအောင် ၀ိုင်းဝန်းကူညီစောင့်ရှောက်ပေးရန်လိုအပ်သည်။

သက်ဆိုင်ရာမှလည်း အဆိုပါ လွတ်လပ်ရေးကျွန်းပေါ်တွင် ယမကာပါဝင်ခြင်းမရှိသော စားသောက်ဆိုင်များဖွင့်လှစ်၍ နေ့ညမပြတ်စောင့် ရှောက်ပေးမည့် ဆိုင်များထားရှိသင့်ကြောင်း ဒေသခံ မြို့မိ၊မြို့ ဖတစ်ဦးမှ ပြောပြသဖြင့် သိရှိရသည်။

ကိုတိုးကြီး ချင်းတွင်း
 
Blogger Templates