Social Icons

Saturday, June 28, 2014

မွေး/ရေမြေပေါ် နှစ်ရှည်ငှားရမ်းလုပ်ကိုင်နေသော အေ၀မ်းငါးသေတ္တာစက်ရုံ ဖယ်ရှားခံရ


မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ မြေနေရာနှင့်
အ ဆောက်အအုံကို နှစ်ရှည်ငှားရမ်း လုပ်
ကိုင်နေသော ရယ်ဒီအေ၀မ်း ငါးသေတ္တာ
ထုတ်လုပ်သည့် ကုမ္ပဏီ စက်ရုံအား ဌာနကဖယ်
ရှားလိုက်သောကြောင့် ကုမ္ပဏီနှင့် ၀န်ထမ်းများ
အနည်းဆုံးခြောက် လခန့် လုပ်ငန်းရပ်နားရမည်ဖြစ် ကြောင်း သတင်းရရှိသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနပိုင် မြေနေရာနှင့်အဆောက် အအုံကို နှစ်ရှည်ငှားရမ်းလုပ်ကိုင် နေသော ရယ်ဒီငါးသေတ္တာဘူးနှင့် အေ၀မ်းငါး သေတ္တာဘူးများ ထုတ်လုပ်သော သာကေတစက်မှုဇုန်ရှိ မြန်မာမက်ခရိုအင်ဒတ်စရီကုမ္ပဏီကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဇွန်လ ၂၈ ရက်တွင် ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

မြန်မာမက်ခရိုကုမ္ပဏီသည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပိုင် မြေနေရာနှင့် အဆောက်အ အုံကို ၁၉၉၇ ခုနှစ်မှစ၍ နှစ်၃၀ စီမံကိန်းဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်ပြီး ကနဦးနှစ် ၂၀ ပြည့်ရန်ပင် သုံးနှစ်လိုနေသေးကြောင်း အဆို ပါ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက် တာက ပြောသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ငှားရမ်းမှုနှစ် မပြည့်သေးမီ ဖယ်ရှားပေးရန် တောင်းဆိုနေသောကြောင့် ဆက်လက်လုပ်ကိုင်ခွင့်ပေးရန် မြန်မာမက်ခရိုကုမ္ပဏီက တရားရုံးသို့လျှောက်ထားရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် အမှုရင်ဆိုင်နေချိန်မှာပင် အင်အားသုံးဖယ်ရှားခံရခြင်း ဖြစ်သည်။

‘‘တရားရုံးကတောင် ဆုံး ဖြတ်ချက် မချရသေးဘူး။ ကျွန်တော်တို့ ငှားထားတာက တရားဝင်စာချုပ်နဲ့ပါ။ နှစ်သုံး ဆယ်စာချုပ်နဲ့ငှားထားတာ၊ ကနဦးနှစ် ၂၀ ပြည့်ဖို့ကို နောက် ထပ်သုံးနှစ်လိုသေးပါတယ်။ ပြောင်းပေးပါ့မယ်။ ဟိုဘက်စက် ရုံမှာ အဆင်သင့်မဖြစ်သေးလို့ ခြောက်လလောက် တောင်းဆို တာကို ကျူးကျော်ဆိုပြီး ချက်ချင်း ဖယ်ရှားခံရတယ်။ အစိုးရက ဒီလို မြေတွေငှား။ သူတို့မောင်းထုတ် ချင်တဲ့အချိန် မောင်းထုတ်ဆိုရင် စီးပွားရေးသမားတွေ ဘယ်လို လုပ်မလဲ။ အနည်းဆုံးတော့ လုပ် ငန်းလည်ပတ်ဖို့ ခြောက်လ လောက် အချိန်ယူရမယ်’’ ဟု မြန်မာမက်ခရိုကုမ္ပဏီလီမိတက် မန်နေဂျင်း ဒါရိုက်တာဦးမိုးမြင့်ကျော်က ပြောသည်။

‘‘ဒါက ဥပဒေအရ လုပ်တာ ပဲ။ ဒီပြဿနာက လွန်ခဲ့တဲ့ ၂ နှစ်၊ သုံးနှစ်လောက်ရှိပြီ။ အရင်အစိုးရ လက်ထက်ကတည်းက ဖြစ်နေ တာ။ တင်ဒါကိုလည်း ဥပဒေနဲ့ အညီ ခေါ်ခဲ့တာပဲ’’ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န် ကြီး ဦးခင်မောင်အေးကပြော ကြားသည်။

အဆိုပါ ကုမ္ပဏီကို ဖယ် ရှားရာတွင် မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အင်အားသုံးဖယ်ရှားရန် ပြင်ပမှခေါ် ယူထားသောသူများ ပါဝင်ခဲ့သည်။

‘‘ပစ္စည်းရွှေ့ရမှာမို့လို့ လာ ပြီ ကူလုပ်ပေးတာပါ။ စက်ရုံမှာ ရှိ တဲ့ ပစ္စည်းတွေ ရွှေ့တဲ့ဟာကို သူ တို့ငြင်းဆန်မယ်ထင်လို့ပါ။ သူတို့ က မငြင်းဆန်ပါဘူး။ ရဲတပ်ဖွဲ့က တော့ လုံခြုံရေးယူပေးတာပေါ့။ သူတို့ဖယ်ပေးရမှာကို အချိန်ဆွဲ နေလို့ တာဝန်ယူလုပ်ပေးတာပါ’’ ဟု ရန်ကုန်တိုင်းအရှေ့ပိုင်း ခရိုင်ရဲ တပ်ဖွဲ့ရဲမှူးကြီးမြင့်အေးက ပြော သည်။

ကုမ္ပဏီကို လာရောက် ဖယ်ရှားသော မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိ သူများအား မေးမြန်းရာဖြေဆို ခြင်းမရှိဘဲ ထိုကုမ္ပဏီ ဖယ်ရှားပေးရန် အမိန့်စာထုတ်ပြန်ထား သူ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးရေးဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ထွဋ်ထံ ဆက်သွယ်မေးမြန်းရာတွင်လည်း ဖြေဆိုခြင်း မရှိပေ။

လေးဧကကျယ်ဝန်းသော အဆိုပါ မြေနေရာနှင့် အဆောက် အအုံကို မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနက တင်ဒါခေါ် ရောင်းချမှုပြုလုပ်ရာ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ရရှိသွားခဲ့ သည်။ ထိုကဲ့သို့ ရရှိသွားခြင်း ကြောင့် ငှားရမ်းလုပ်ကိုင်သော မြန်မာမက်ခရိုကုမ္ပဏီကို ဖယ်ရှား ခဲ့ခြင်း ဖြစ်သည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အဆိုပါ ကုမ္ပဏီကို ဖယ်ရှားပေးရန် ၂၀၁၂ ခုနှစ်ကတည်းက အကြောင်းကြားစာများ အနည်းဆုံးသုံးကြိမ် ပေးပို့ထားပြီး နောက်ဆုံးအကြောင်း ကြားစာကို ဇွန်လ ၂၀ ရက်က ပေးပို့ခဲ့သည်။

7Day News Daily 
 
Blogger Templates