Social Icons

Saturday, June 28, 2014

ခြောက်လအတွင်း ခိုးထုတ်သစ် တန်ချိန်တစ်သောင်းကျော် ဖမ်းဆီးရမိ


နယ်စပ်ဖြတ် ကျော်သစ်ခိုးထုတ်ရောင်း
ချမှုများ လျော့နည်းပပျောက်စေရန် တရား
မဝင်သစ်များဖမ်းဆီးခြင်းကို နယ်စပ်ဒေသ
တစ်လျှောက် စစ်ကြောင်းအသွင် ဖမ်းဆီးမှုပြု
လုပ်ခဲ့ပြီး ခြောက်လကျော်ကာလအတွင်း  ကျွန်း၊ သစ်မာအပါအဝင်  သစ်တန်ပေါင်းတစ်သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ ဖမ်းဆီးရာတွင် မိမိ တို့ဝန်ကြီးဌာနအဖွဲ့အစည်းများ သာမက တပ်မတော်စစ်ကြောင်း များကပါ ပူးပေါင်းဖော်ထုတ် အရေးယူခဲ့ပြီး  ဖော်ပြပါသစ်တန် ပေါင်းတစ်သောင်းကျော်အနက် တန်ပေါင်းသုံးထောင်ကျော်မှာ တပ်မတော်စစ်ကြောင်းများမှ ဖမ်းဆီးဖော်ထုတ်ပေးခဲ့ခြင်းဖြစ် ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအေးမြင့် မောင်က ပြောသည်။

ယခုလ ၂၇ ရက်တွင်ပြုလုပ် သော ပြည်သူ့လွှတ်တော်အစည်း အဝေး၌ လွှတ်တော်ကိုယ်စား လှယ် ဦးသန်းမြင့်က နယ်စပ်ဒေသများတွင် သစ်ခိုးမှု၊ ရောင်းဝယ်မှုတို့ကို ဟန့်တားနိုင်ရေးနှင့် ပတ်သက်သည့် မေးခွန်းမေးမြန်းမှုကို ဖြေကြားရာ၌ ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

တရားမဝင်သစ်များဖမ်းဆီး မှုပြုလုပ်ရာတွင် ပြည်ပသို့သစ်ခိုး ယူမှုဖြစ်စဉ်များပြားသော စစ် ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအစရှိသည့် တိုင်း သုံးတိုင်းစုံရာ နယ်စပ်ဧရိယာများတွင် ၂၀၁၃ ဒီဇင်ဘာမှစတင်ကာ သစ်တောနှင့်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ဖမ်းဆီးဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

‘‘ဖမ်းနေတယ်ဆိုပေမယ့် နယ်စပ်တစ်လျှောက် သစ်ခိုး ထုတ်မှုတွေဟာ အမြဲလိုလိုရှိနေတာပါပဲ။ ဒါတွေကို အစိုးရအနေနဲ့ ဒီထက်ပိုပြီး ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဆောင်ရွက်သင့်တယ် လို့မြင်ပါတယ်။ ဒီလိုပဲ ခိုးထုတ်မှု တွေဖြစ်နေရင် တိုင်းပြည်အတွက် ရော ပြည်သူတွေအတွက်ပါ နစ်နာတယ်’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ပြောသည်။

ဖမ်းဆီးမှုများပြုလုပ်ရာတွင် အချို့နေရာဒေသများ၌ နယ်မြေ လုံခြုံရေး၊ လမ်းပန်းဆက်သွယ် ရေး အစရှိသည့် အခြေအနေများ ကြောင့် ဖမ်းဆီးအရေးယူရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရသဖြင့် တရားမဝင်ခိုးယူခုတ်လှဲခြင်းများမရှိစေရန် ဒေသခံများကပါ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်းဦးအေးမြင့်မောင်က ပြောသည်။

သစ်တောထွက်ပစ္စည်းများ ကို တရားမဝင်ထုတ်လုပ်ပါက ၁၉၉၂ သစ်တောဥပဒေ၊ ၁၉၉၅ သစ်တောနည်းဥပဒေတို့နှင့်အညီ အရေးယူဆောင်ရွက်နေပြီး သစ် တောဥပဒေကို ခေတ်စနစ်နှင့် ညီညွတ်စေရန် ပြစ်ဒဏ်များတိုး မြှင့်နိုင်ရေးကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

7 Day news Daily 
 
Blogger Templates