Social Icons

Saturday, June 28, 2014

ကြိုးဟောင်းများကြောင့် လျှပ်စစ်ဓာတ်အားဆုံးရှုံးနေမှုကို ဦးစားပေး ပြင်ဆင်ဖြေရှင်းရန် စွမ်းအင်အကြံပေးပြောကြား


လျှပ်စစ်စွမ်းအင်ကဏ္ဍ နှင့် ပတ်သက်၍ မြန်
မာနိုင်ငံအ တွက် အဓိက ပြင်ဆင်ရမည့်ပြဿနာမှာ
 ခေတ်နောက်ကျနေ သော လျှပ်စစ်ဓာတ်
အားဖြန့်ဖြူး ရေးနည်းစနစ်များနှင့် ဟောင်း
 နွမ်းသော ဓာတ်ကြိုးများကြောင့် နှစ်စဉ်ပျောက်
ဆုံးသွားသော လျှပ် စစ်ဓာတ်အားပြဿနာကို ဦးစား ပေး ဖြေရှင်းရမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် စွမ်းအင်အကြံပေးက ပြောကြားလိုက်သည်။

သဘာဝ ပတ်ဝန်းကျင်နှင့် စွမ်းအင်အကြံပေး မစ္စတာ BruceC.Buckheit က မြန်မာနိုင်ငံပွင့် လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ စီစဉ်သည့် အစိုးရ၊ လွှတ်တော်အမတ်၊ အရပ်ဘက် အဖွဲ့အစည်းတို့ ပူး ပေါင်းပါဝင်သည့် သန့်ရှင်းသော စွမ်းအင်ရှာပုံတော် သီးသန့်ဆွေး နွေးပွဲသို့တက်ရောက်ရန် မြန်မာ နိုင်ငံတွင် ရောက်ရှိနေခြင်း ဖြစ် သည်။

စွမ်းအင်ပြဿနာ ဖြေရှင်း ရန်မှာ စီမံကိန်းသစ်များ အကောင်အထည်ဖော်ခြင်းမဟုတ်ကြောင်း နှင့် ဓာတ်ကြိုးဟောင်းနွမ်းမှုများ ကြောင့် ဓာတ်အား ငါးရာခိုင်နှုန်း ဆုံးရှုံးနေခြင်းကို ဖြေရှင်းရမည်ဟု ဆိုသည်။

‘‘အခုစီမံကိန်းတော်တော် များများက အပြင်ကို ရောင်းနေ တာများတယ်။ စွမ်းအင်ထုတ်နေ တာထက် ဟောင်းနွမ်းတဲ့ ကြိုး တွေကြောင့် ပျောက်ကွယ်ဆုံးရှုံး သွားတဲ့ လျှပ်စစ်တွေကို ဖာထေး သင့်တယ်။ အခုမြန်မာနိုင်ငံရဲ့ ပုံစံက အပေါက်တွေမဖာရသေး ဘဲ ရေတွေပြည့်အောင်ဖြည့်မယ်ပုံ စံဖြစ်နေတယ်။ ဒါဟာ အရမ်း အန္တရာယ်ကြီးတယ်။ ဘာလို့လဲဆို တော့ အခုအကောင်အထည်ဖော် မယ့်စီမံကိန်းတွေက သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းစေလို့ပဲ’’ ဟု မစ္စတာဘရုတ်က စကားပြန်မှ တစ်ဆင့်ဖြေကြားသည်။

အစိုးရက အာရှဖွံ့ဖြိုးရေး ဘဏ်၏ အကြံပေးချက်အရ ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ် အား ၃၀ ရာခိုင်နှုန်းတိုးချဲ့ရန်နှင့် ရေအားလျှပ်စစ်စီမံကိန်းများတိုး မြှင့်လုပ်ဆောင်ရန် ဇွန်လအတွင်း ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ သည်။

၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံးလျှပ်စစ်ဓာတ် အားရရှိမည်ဟု အစိုးရကထုတ်ပြန် ထားသော်လည်း တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအ တွက် သွယ်တန်းရမည့် မဟာ ဓာတ်အားလိုင်းများ၊ ထရန်စဖော် မာများတပ်ဆင်ရန်မှာ ယခုအချိန် အထိ မပြီးစီးသေးချေ။

သွယ်တန်းခြင်းလုပ်ငန်းများ သည် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ခန့်ကုန်ကျမည်ဟုခန့်မှန်း ထားသော်လည်း ကုန်ကျစရိတ် အတွက် အစိုးရက ကုန်ကျခံရန် လက်တွန့်နေသည်ဟု ဓာတ်အား လိုင်းများသွယ်တန်းရာတွင် လို အပ်သည့် ကုန်ပစ္စည်းများ ရောင်း ချနေသူများထံမှ သတင်းရရှိ သည်။

အဆိုပါပုဂ္ဂိုလ် မြန်မာနိုင်ငံ သို့ ရောက်ရှိနေစဉ်အတွင်း လျှပ် စစ်ထုတ်ယူရေး လုပ်ငန်းကို အ ကောင်အထည် ဖော်နေသည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော် အမတ်များနှင့် တွေ့ဆုံပြီး ယခု ကျင့်သုံးရန် ရည်ရွယ်ထားသော မြန်မာနိုင်ငံ၏ စွမ်းအင်မူဝါဒကို ပြင်ဆင်ရန် တိုက်တွန်းသွားမည် ဖြစ်သည်။

၎င်းပုဂ္ဂိုလ်သည် ယခင်က USEP(US Environmental Protection Association) အမေရိကန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဝင် ညွှန်ကြား ရေးမှူးဟောင်း တစ်ဦးဖြစ်ပြီး ယခုအခါ အပြည်ပြည်ဆိုင်ရာ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် ရေးရာအကြံပေးအဖြစ် လုပ်ကိုင် နေသူဖြစ်သည်။

7 Day News Daily 
 
Blogger Templates