Social Icons

Saturday, June 28, 2014

ဘင်္ဂါလီ ကိုးဦးကို ရန်ကုန်ပို့ရန် ပူးပေါင်းစီစဉ်သူ ငါးဦးရှိ၊ နှစ်ဦးလွတ်နေဆဲ


ဘင်္ဂါလီကိုးဦးကို ရန်ကုန်သို့ပို့ရန် ပူးပေါင်းကြံ
စည်သူ ငါးဦးဖြစ်ပြီး သုံးဦးကို ဖမ်းဆီး
ထားနိုင်ကာ နှစ်ဦးမှာ လွတ်မြောက်နေသောကြောင့်
 ဒေသတွင်း စစ် ဆေးရေးဂိတ်များ၌ ပိတ်
ဆို့ဖမ်းဆီးထားရန် ညွှန်ကြားထား ကြောင်း
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။

‘‘စစ်ဆေးချက်အရ ဒီဖြစ်စဉ် မှာ ပွဲစားအပါအ၀င် ငါးယောက် ပူးပေါင်းပြီး ပို့ဖို့ကြိုးစားခဲ့တာ။ ရှေ့ပြေးကားတွေ ဘာတွေနဲ့ စနစ်တကျ စီစဉ်တာဗျ။ ပထမနှစ် ယောက်ဖမ်းတယ်။ နောက်အမျိုး သမီးတစ်ယောက် ထပ်ဖမ်းတယ်။ သူတို့ကို ပိုက်ဆံပေးမယ်ဆိုတဲ့ ပွဲ စားနှစ်ယောက် ထွက်ပြေးနေ တယ်။ ဖမ်းဖို့ လုပ်နေပါတယ်’’ ဟု ပြည်နယ်အဆင့် ရဲအရာရှိတစ် ဦးက ပြောသည်။

ဇွန်လ ၂၇ ရက် နံနက်က အမ်းမြို့နယ်ရှိ ပဲ့ပဒုံစစ်ဆေးရေး ဂိတ်တွင် ဘင်္ဂါလီကိုးဦးကို ခေါ်ဆောင်လာသည့် ကားတစ်စီး ကို စစ်ဆေးရေးအဖွဲ့က ဖမ်းဆီး ခဲ့ပြီး ယာဉ်ပိုင်ရှင်အမျိုးသမီးနှင့် ယာဉ်မောင်းအမျိုးသားကို ထိန်း သိမ်းခဲ့သည်။ ထို့နောက် သံသယ ရှိသူ အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး အဆိုပါ အမှုနှင့်ပတ်သက်နေသူ နောက်ထပ် အမျိုးသားနှစ်ဦးမှာ တိမ်းရှောင်နေကြောင်း အမ်းမြို့ရဲစခန်းမှူး ဒုရဲမှူးသောင်းလွင်က ပြောကြားသည်။

‘‘သံသယရှိသူ နောက်ထပ် အမျိုးသားနှစ်ယောက်ကတော့ ထွက်ပြေးနေတယ်။ ဘင်္ဂါလီတွေ ကိုတော့ လိုအပ်တဲ့ သွေးစစ်ဆေး မှုတွေလုပ်ပြီး လ၀က ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်’’ ဟု ဒုရဲမှူး သောင်းလွင်က ပြောသည်။

ကျောက်တော်မြို့ရှိ ဘင်္ဂါလီ ကိုးဦးကို တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် ရန်ကုန်သို့ပို့ရန် ကား ပေါ်တွင် ခေါ်ဆောင်လာခြင်းဖြစ် ပြီး သံသယရှိသူ ငါးဦးအားဥပဒေပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်ထားသည်။  ထို့အပြင် ဘင်္ဂါလီကိုး ဦးကို အမ်းရဲစခန်းတွင် ထိန်းသိမ်းထားကာ လ၀က အက်ဥပဒေ (၆၂) ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

7Day News Daily
 
Blogger Templates