Social Icons

Wednesday, June 25, 2014

ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦး အ၀င်လမ်းမများ သံဆူးကြိုးဖြင့် ကာရံပိတ်လိုက်ပြီ


လစ်လပ် သွားသော ရခိုင်ပြည်နယ် ၀န်ကြီးချုပ်
ရာထူးအတွက် ဇွန် ၂၅ရက်တွင် ဆွေးနွေးရန်ရှိရာ
ထိုနေ့ နံနက်တွင် ရခိုင်ပြည်နယ် လွှတ်တော်
အဆောက်အဦ၏ အ၀င်လမ်းများကို သံဆူးကြိုး
များဖြင့်ကာရံခြင်း၊ လုံခြုံရေး အင်အား
တိုးချထားသည်ဟု စစ်တွေမြို့မိ မြို့ဖ ဦးသန်းထွန်းက မဇ္ဈိမကို ပြောသည်။

“လွှတ်တော် အဆောက်အဦးကို ၀င်မယ့် လမ်းဆုံတွေ အားလုံးကို လုံခြုံရေးတွေ တိုးချပြီး သံဆူးကြိုးတွေ ကာလိုက်ပြီ၊ ဒေသခံတွေ ဆန္ဒထုတ်ဖော်တာတွေ လုပ်မှာစိုးလို့ထင်တယ်”ဟု ဦးသန်းထွန်းကဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော် အဆောက်အဦးကို ယခုကဲ့သို့ လုံခြုံရေး ယူခြင်းမှ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

“ဆူဆူပူပူ မဖြစ်အောင် လုံခြုံရေးကြိုယူထားတာပါ”ဟု စစ်တွေ မြို့မ ရဲစခန်းမှ တာဝန်ရှိသူကပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန် ၂၀ ရက်တွင် ၀န်ကြီးချုပ်ရာထူး
မှ နုတ်ထွက်ခဲ့ပြီး ဇွန် ၂၁ ရက်တွင်နယ်စပ်ရေးရာဒု-၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အစားထိုးခန့်အပ်ခဲ့သည်။

ယနေ့တွင် ဗိုလ်ချုပ်မောင်မောင်အုန်းသည် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာဆိုမည်ဖြစ်သည်။

Mizzima News Daily 
 
Blogger Templates