နှစ်နိုင်ငံသံတမန်ဆက် ဆံမှု (၅၉)နှစ်တာကာလအတွင်း မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးအနေဖြင့် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် ဖိ လစ်ပိုင်သမ္မတနိုင်ငံသို့ ပထမဆုံး အကြိမ် ချစ်ကြည်ရေး ခရီးစဉ် ထွက်ခွာသွားခဲ့ပြီး ထိုင်းနိုင်ငံသို့ လည်း ဒုတိယ တစ်ခေါက်သွား ရောက်ဦးမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
ချစ်ကြည်ရေး ခရီးစဉ်တွင် ကာကွယ်ရေးဦးစီးချုပ်သည် ဖိ လစ်ပိုင်နိုင်ငံအစိုးရ၊ ဖိလစ်ပိုင် တပ်မတော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင် ရွက်ရေးကိစ္စများ ဆွေးနွေးသွား မည်ဖြစ်ပြီး မနီလာမြို့ရှိ ထင်ရှား သော နေရာများသို့သွားရောက် လေ့လာမည်ဖြစ်သည်။
ဖိလစ်ပိုင်ခရီးစဉ်သို့ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဦးဆောင်ကာ မြန်မာ့တပ်မ တော် ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့ဝင်များ လိုက်ပါသွားခဲ့ သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ပြီးနောက် ပတ်ဝန်းကျင်နိုင်ငံတစ်ခုသို့လည်း ချစ်ကြည်ရေးခရီး ထပ်မံသွား ရောက်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် အိန္ဒိယ၊ တရုတ်၊ လာ အို၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ရုရှားနိုင် ငံတို့သို့လည်း ချစ်ကြည်ရေးခရီး သွားရောက်ပြီးဖြစ်သည်။ ယခု ခရီးစဉ်သည် အိမ်နီးချင်းနိုင်ငံများ သို့ ချစ်ကြည်ရေးခရီးအစဉ်အဖြစ်
ဆယ်ကြိမ်မြောက်ဖြစ်သည်။
ယခုဖိလစ်ပိုင် ခရီးစဉ်ပြီး နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ထိုင်းနိုင်ငံသို့ ချစ် ကြည်ရေးခရီး ဒုတိယအကြိမ် သွားရောက်မည်ဖြစ်သည်။