Social Icons

Monday, June 30, 2014

အမျိုးသားပညာရေးဥပဒေကြမ်းကို ထပ်မံဖြည့်စွက်မည်

အမျိုးသားလွှတ်တော် တွင် ဆွေးနွေးဆဲဖြစ်သော အမျိုး သား ပညာရေး ဥပဒေကြမ်းကိုလွှတ်တော်တွင် ပါဝင်ဆွေးနွေး သည့် ကိုယ်စားလှယ်ရှစ်ဦး၏ အကြံပြုချက်များ ထည့်သွင်းပြင်ဆင်ရေးဆွဲ၍ အမျိုးသားလွှတ် တော်သို့ အစီရင်ခံစာထပ်မံတင်သွင်းမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြော သည်။

‘‘ဒီဥပဒေကြမ်းကို  ကျွန် တော်တို့ကော်မတီက လွှတ်တော် မှာ အစီရင်ခံစာတင်ပြီးပြီ။ ဒါကို လွှတ်တော်မှာ ဆွေးနွေးသွားတဲ့ ကိုယ်စားလှယ်တွေရဲ့ အကြံပြု ချက်တွေကိုကြားနာပြီး အစီရင်ခံ စာထပ်တင်မယ်။ ဒါကိုပြင်ဆင် အတည်ပြုပြီးရင် ပြည်သူကိုပြန် ပို့မယ်’’ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။
ပြည်သူ့လွှတ်တော်မှ အတည်ပြုထားပြီးဖြစ်သော အဆိုပါ ဥပဒေကြမ်းတွင် ဗဟိုအုပ် ချုပ်မှုစနစ်များ ပါဝင်နေခြင်းနှင့် အခြားသဘောထား ကွဲလွဲမှုများ ကြောင့် ကျောင်းသားသမဂ္ဂများ၊ ဆရာ၊ ဆရာမများအသင်း၊ အရပ်ဘက် ပညာရေးအဖွဲ့အစည်း များပါဝင်ဖွဲ့စည်းထားသည့်ပညာ ရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က ကန့်ကွက်ကြောင်း ကြေညာ ခဲ့သည်။
အဆိုပါကွန်ရက်အနေဖြင့် ဥပဒေကြမ်းတွင် ပြင်ဆင်ထည့် သွင်းလိုသော အချက်များနှင့်ပတ် သက်၍ ဆွေးနွေးနိုင်ရန် မေလ နှောင်းပိုင်းက အမျိုးသားလွှတ် တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပြီး ဥပဒေကြမ်းပါအချက်အချို့ ကိုပြင်ဆင်ရန် ဆွေးနွေးညှိနှိုင်းခဲ့ ကြသည်။
‘‘ဒီဥပဒေကြမ်းမှာ ဗဟိုက ချုပ်ကိုင်တဲ့အချက်တွေ ပါဝင်နေ တာ တွေ့ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ကွန်ရက်က ကန့် ကွက်ခဲ့ပြီး အချက်အချို့ကို ပြင်ဆင်နိုင်ဖို့ အမျိုးသားလွှတ်တော်နဲ့ ညှိနှိုင်းခဲ့တာပါ’’ဟု NNER မှ ကိုစည်သူမောင်က ပြောသည်။
ပညာရေးပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်ရန် အရေးတကြီးလိုအပ်သော အမျိုးသား ပညာရေးဥပဒေကြမ်းကို မိမိတို့ အနေဖြင့် အမြန်ဆုံးပြီးစီးစေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ယခုစာသင်နှစ်အမီ ပြီးစီးရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ယခုနှစ်မတ်လတွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော်နဝမ ပုံမှန်အစည်းအဝေး၌ ပြောကြားခဲ့သည်။
 အမျိုးသား လွှတ်တော်မှ ပြင်ဆင်ချက်များ မရှိပါက ဇွန်လအတွင်း ဥပဒေကြမ်းကို အပြီးသတ်နိုင်ရန် ဆောင်ရွက်နေ ကြောင်း ပြည်ထောင်စု လွှတ် တော်ဥပဒေကြမ်းပူးပေါင်းကော် မတီအတွင်းရေးမှူး ဦးစောလှ ထွန်းက ပြောသည်။
အဆိုပါဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ပညာရေး ကော်မတီမှ တင်သွင်းခဲ့ကာ ပညာရေးဝန်ကြီးဌာနမှလည်း တစ်ပြိုင်နက်တင်သွင်းခဲ့သဖြင့် အဆိုပါဥပဒေနှစ်ခု ပေါင်းစပ်ကာ ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်မှတင်သွင်းသည့် ဥပဒေကြမ်းပါ အချက်အလက် အများစုကို ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်။
အမျိုးသားပညာရေးဥပဒေ ကြမ်းအရ အမျိုးသားပညာရေး ကောင်စီကို ဒုသမ္မတ တစ်ဦးက ဥက္ကဋ္ဌ အဖြစ်နှင့် ပြည်ထောင်စုဝန်ကြီးများက အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ကျောင်းအားလုံးကို ဥပဒေနှင့် အညီ ဖြစ်စေရန် ငါးနှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ရေး သားထားသည်။
 
Blogger Templates