Social Icons

Saturday, June 28, 2014

ကျောင်းသူလေးများအား ဖြားယောင်းသွေးဆောင် ခေါ်ယူသူကို အရေးယူ


 ကျောင်းသူလေးများအား ဖျားယောင်း သွေးဆောင်
၍ လက်ဝတ်ရတနာ ချွတ်ယူရန် ကြံစည်သူကို
သက်ဆိုင်ရာမှ အမှုဖွင့် အရေးယူထား
 ကြောင်း သိရသည်။ ယခုလ(၂၅) ရက်နေ့တွင် ကသာမြို့သတ္တမတန်း(က) မှ ကျောင်းသူ တစ်ဦး နေ့လယ်ကျောင်းဆင်း၍ ကျောင်းပြန် တက်ရန် လာစဉ် အမည်မသိ အမျိုးသမီးတစ်ဦးက စာအုပ်များ ၀ယ်ယူရန်အတွက် ဈေးဆိုင်သို့ လိုက်ပြပေးရန်ပြောဆိုပြီး၊ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွား ခဲ့ကြောင်း၊  စာအုပ်ဆိုင်ရှေ့သို့ ရောက်သော်လည်း ဆိုင်ကယ်ရပ်မပေး သဖြင့် ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းခဲ့ရာ
ယာလက်တင်ပါးနှင့် ပခုံးတို့တွင် ဒဏ်ရာများရရှိခဲ့ ကြောင်း ပထမသတင်းပေးချက် အရ သိရသည်။

                     အဆိုပါနည်းတူ ညနေပိုင်းအချိန် ကျောင်းဆင်းချိန်တွင် ပဉ္စမတန်း ကျောင်းသူတစ်ဦးအား နတ်ကြီး ဘုန်းကြီးကျောင်းသို့ လိုက်ပို့ပေးရန်  ပြောရာတွင် အဆိုပါ ကျောင်းသူမှလိုက်မပို့ပေး နိုင်ကြောင်း ပြန်ပြောပြီး၊ အိမ်သို့ပြန်ကာမိဘများအား ပြန်လည် ပြောပြရာမှ သိရှိခဲ့ပြီးနောက်တစ်ရက်တွင်ပဉ္စမတန်းကျောင်းသူအား မိဘများမှ ကျောင်းဝင်းအတွင်း ၀င်ရောက် ရှာဖွေရာတွင် ပထမတန်း စာသင်ခန်းအတွင်း၌ ကလေးငယ်များအားလိမ်လည် ခေါ်ယူသူကို တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာသို့ ပို့ဆောင်ခဲ့ကြကြောင်း မှုခင်းမှတ်တမ်းများ အရ သိရသည်။

                     ကျောင်းသူကလေးများအား လိမ်လည်ကာ ခေါ်ယူရန် ကြံစည်သူ အမျိုးသမီးမှာ ကသာမြို့၊  အမှတ်(၁၀) ရပ်ကွက်နေ မ..... (၁၉) နှစ်ဆို သူဖြစ်ပြီး၊ ကျောင်းသူလေးများ ၀တ်ဆင်ထားသည့် လက်ဝတ်လက်စားများကို ရယူလိုသည့်အတွက် ဖြားယောင်းသွေးဆောင် ခေါ်ယူခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာမှ (ပ) ၁၁၆ /၂၀၁၄ ပြစ်မှု ပုဒ်မ ၃၆၃ အရ လည်းကောင်း၊ ကျောင်းဝင်း အတွင်း ၀င်ရောက် ကျူးကျော်မှုဖြင့် (ပ) ၁၁၇/၂၀၁၄ ပြစ်မှုပုဒ်မ ၄၅၃ အရ လည်း ကောင်း အမှုဖွင့် အရေးယူ ထားကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။

The Messenger News Daily 
 
Blogger Templates