Social Icons

Saturday, June 28, 2014

ငါးနှစ်အရွယ် မူလတန်းကျောင်းသားကို အတန်းပိုင်ဆရာမက အရွယ်နဲ့ မလိုက်အောင် အပြစ်ပေး


ရန်ကင်း ပညာရေးကောလိပ် လေ့ကျင့်ရေး
အလယ်တန်းကျောင်း (ရန်ကင်းTTC) မှာ ဇွန်လ
၂၄ ရက်နေ့က အသက် ငါးနှစ်အရွယ် မူလ
တန်းကျောင်းသားကို အတန်းပိုင်ဆရာမက
 အရွယ်နဲ့ မလိုက်အောင် အပြစ်ပေးခဲ့တာကြောင့်
တိုင်းပညာရေးမှူးနဲ့ သက်ဆိုင်ရာ အဆင့်ဆင့်ထံ တိုင်ကြားမှာဖြစ်တယ်လို့ ဒဏ်ပေးခံရတဲ့ ကျောင်းသားရဲ့ ဖိုးလေးဖြစ်သူ ဦးရဲနိုင်က The Voice ကိုပြောပြပါတယ်။

ဖြစ်စဉ်ကတော့ အပြစ်ပေးခံရတဲ့ ကလေးငယ်က အတန်းဖော် သူငယ်ချင်းကို ခဲတံနဲ့ ထိုးခဲ့တာကြောင့် ဆရာမက တစ်နေကုန် အခန်းရှေ့မှာ ထိုင်ခိုင်းပြီး စာသင်ခွင့် မပေးခဲ့တာပဲ ဖြစ်ပါတယ်။ အပြစ်ပေးခံရလို့ ငိုနေတဲ့ကလေးငယ်ကို တစ်ကျောင်းတည်းမှာ ပညာသင်နေတဲ့ အစ်မ နှစ်ဦးက သွားရောက် ချော့မော့နေချိန် မှာလည်း ဆရာမက ကလေးငယ်ကို ထပ်ပြီး ရိုက်နှက် ခဲ့ပါသေးတယ်။ ဒါ့အပြင် ကျောင်းကို မိဘခေါ် လာခဲ့ဖို့လည်း မှာခဲ့တယ်လို့ သိရပါတယ်။

နောက်တစ်ရက် ကျောင်းသားမိခင် ကျောင်းလိုက်သွားတဲ့ အခါမှာလည်း ကလေးငယ်ကို အတန်းရှေ့မှာ လွယ်အိတ်လွယ်ပြီး မတ်တပ် ရပ်ခိုင်းထားခဲ့ပါတယ်။ ကျောင်းသားရဲ့ မိခင်ရှေ့မှာလည်း ကလေးငယ်ကို ထပ်မံ ရိုက်နှက်ခဲ့ပြီး ရဲစခန်း ပို့မယ်လို့လည်း ခြိမ်းခြောက်ခဲ့တယ်လို့ ကျောင်းသား ဦးလေးဖြစ်သူက ဆိုပါတယ။်

ရန်ကင်း ပညာရေးကောလိပ် လေ့ကျင့်ရေးအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဆီကို The Voice က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်း ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

The Voice Weekly
 
Blogger Templates