ဦးဌေးအောင်က “ e-Visa ကို စက်တင်ဘာမှာ ရအောင်လုပ်မယ်လို့ ဦးခင်ရီ (လဝကဝန်ကြီး) နဲ့ ပြောဆိုထား ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့efficiency နဲ့ network တွေအတွက် infrastructure ခိုင်မာမှုတွေ အတွက် ပြဿနာတွေတော့ ရှိကောင်းရှိနိုင်တယ်။ ဒီပြဿနာတွေက မရှိအောင် ကြိုတင်ပြင်ဆင်နိုင်အောင် သြဂုတ်လမှာ Testing Period
(စမ်းသပ်ကာလ) လုပ်သွားမှာပါ” ဟု ပြောသည်။
၂ဝ၁၄ ခုနှစ်တွင် နိုင်ငံခြားခရီးသွား သုံးသန်းခန့်လာရောက်မည် ဟု ဟိုတယ်/ခရီးဝန်ကြီးဌာနမှ လျာထားပြီး Evisa စနစ် စတင်ကျင့်သုံးဖြစ်ပါက နိုင်ငံခြားခရီးသွား သုံးသန်းကျော်သွားမည် ဟု ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောသည်။
e-Visa စနစ်ကို ဆောင်ရွက်ရန် လုပ်ငန်းလက်ခံဆောင်ရွက်လိုသည့် ပြည်ပတွင် တရားဝင်ကုမ္ပဏီ ကျောထောက်နောက်ခံရှိသည့် နည်းပညာဆိုင်ရာ ကုမ္ပဏီများမှ ဇူလိုင်လ ၁၆ ရက်အထိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနသို့ လာရောက်လျှောက်ထားနိုင်သည် ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ကြေညာထားသည်။

