တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်မြို့တွင် ကျင်းပမည့် အာရှအားကစားပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ၀င်မပြိုင်ခြင်းမှာ အသက်ကန့်သတ်ချက် အခက်အခဲကြောင့်ဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်အောင်က ပြောသည်။
အင်ချွန် အာရှအားကစားပြိုင်ပွဲတွင် အမျိုးသားဘောလုံးပြိုင်ပွဲကို အသက် ၂၃ နှစ် အောက်သတ်မှတ်ထားပြီး ၂၃ နှစ် အထက် ကစားသမားသုံးဦး ပါဝင်ကစားခွင့် ပြုထားသည်။
“အင်ချွန်ပြိုင်ပွဲမှာ ၀င်ပြိုင်ရမယ့် ကစားသမားတွေက ၁၉၉၃ ခုနှစ် နောက်ပိုင်းမွေးတဲ့ ကစားသမားတွေပဲ ၀င်ပြိုင်ရမှာပါ။ ပြီးတော့ ဆူဇူကီးခြေစစ်ပွဲနဲ့လည်း အရမ်းနီးကပ်နေပါတယ်။ နောက်ထပ် အသင်းသစ်တစ် သင်းဖွဲ့ဖို့ကလည်း မြန်မာနေရှင်နယ်လိဂ်ပွဲတွေ ပြီးကာစဆိုတော့ ကစားသမားရွေးရတာ အခက်အခဲရှိနိုင် ပါတယ်။ ဒါကြောင့်ဝင်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ဦးတင်အောင်က ဆိုသည်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ၁၉၆၆ နှင့် ၁၉၇၀ အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ဆွတ် ခူးရရှိခဲ့ပြီး ၁၉၅၄ ခုနှစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သည်။ မြန်မာအသင်းမှာ ၁၉၉၄ အာရှ အားကစားပြိုင်ပွဲ တွင် နောက်ဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်မှပင်ထွက်ခွာခဲ့ရသည်။