Social Icons

Friday, July 18, 2014

လွှတ်တော်အမတ်နဲ့ အစိုးရဝန်ထမ်းများ လစာတိုးတော့မလား

18jl7နေပြည်တော်၊ မဇ္ဈိမ။             ။ လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဦးစီးအဖွဲ့ဝင်များ၏ လစာချီးမြှင့်ငွေ တိုးမြှင့်ရေးကို ဆောင်ရွက်မည်ဆိုလျှင် နိုင်ငံဝန်ထမ်းများအတွက်ပါ စဉ်းစားသင့်ကြောင်း ပြည်သူ့လွှတ်တော်သို့ သမ္မတက ဇူလိုင် ၁၈ရက်က သဝဏ်လွှာပေးပို့ခဲ့သည်။


၎င်းသဝဏ်လွှာအရ နိုင်ငံဝန်ထမ်းများ ထိုက်သင့်သည့် လစာရရှိရေးကိုပါ ကြိုးပမ်းသွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။
“လွှတ်တော်ကိုယ်စားလှယ်ရဲ့ အခွင့်အရေးကို မှန်မှန်ကန်ကန် ရရှိရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ ကြိုးစားဆောင်ရွက်သွားပါ့မယ်၊ နိုင်ငံဝန်ထမ်းများ ထိုက်သင့်တဲ့ လစာတွေရရှိရေးကိုပါ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးတင်ပြပါတယ်” ဟု သူရဦးရွှေမန်းက သမ္မတ၏ သဝဏ်လွှာကို ဖတ်ကြားအပြီးတွင် ဖြည့်စွက်ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်သည့်အခါ ပိုမိုကောင်းမွန်ခိုင်မာပြည်စုံစေရန် ယင်းကိစ္စများနှင့်ပတ်သက်ပြီး ကျွမ်းကျင်သော၊ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များကို စုစည်းပြီး ဆောင်ရွက်သွားမည်ဟုလည်း သူရ ဦးရွှေမန်းက ပြောသည်။
ယခု ကျင်းပလျက်ရှိသည့် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး အစပိုင်းတွင် လွှတ်တော်အမတ် များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဦးစီးအဖွဲ့ဝင်များ၏ လစာကို လက်ရှိထက် ငါးဆ (ကျပ် ၁၅ သိန်း) ဖြစ်သင့်သည်ဟု ထန်တလန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာတလဲန်းက အဆိုတင်သွင်းခဲ့သည်။ ကိုယ်စားလှယ်အချို့ကလည်း ထောက်ခံဆွေးနွေးခဲ့ကြသည်။

 
Blogger Templates