Social Icons

Thursday, July 31, 2014

ဖီဖာ ဒုဥက္ကဋ္ဌ ဂရွန်ဒိုနာ နှလုံးရောဂါဖြင့် ကွယ်လွန်

fifaအာဂျင်တီးနား၊ ဇူလိုင် ၃၁။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဂျူလီယို ဟမ်ဘာတို ဂရွန်ဒိုနာသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့နံနက် က နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ အသက် ၈၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ဂရွန်ဒိုနာသည် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
ဂရွန်ဒိုနာသည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက နှလုံးရောဂါဖောက်လာခဲ့ပြီး ဆေးရုံတင်ခဲ့ရသည်။ ၎င်း၏ရောဂါကို ကြိုးစားကုသခဲ့ သော်လည်း  ပြန်လည် သက်သာလာခြင်း မရှိတော့ဘဲ ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။ ဂရွန်ဒိုနာသည် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ၃၅ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိအာဂျင်တီးနား ဘောလုံးအသင်း လေ့ကျင့်ပြင်ဆင်ရာ Ezeiza လေ့ကျင့်ရေးစင်တာကို ဦးစီး တည်ဆောက်ပေး ခဲ့သူဖြစ်သည်။
ဖီဖာဒုတိယဥက္ကဋ္ဌ တာဝန်ကိုပါထမ်းဆောင်ခဲ့သည့် ဂရွန်ဒိုနာသည် အာဂျင်တီးနားကလပ် အာဆင်နယ်ဒီဆာရန်ဒီ အသင်းကို ဦးစီးတည်ထောင်သူများထဲမှ တစ်ဦးလည်းဖြစ်သည်။
Ref: goal
 
Blogger Templates