ဂရိနောက်ခံ ကစားသမား ဗန်ဂီလက်စ် မိုရက်စ်သည် သွေးကင်ဆာရောဂါ ခံစားနေရသည့် အစ်ကိုဖြစ်သူဒီမီထရစ်အတွက် ရိုးတွင်းခြင်ဆီလှူဒါန်း ရန် သြစတြေးလျနိုင်ငံသို့ သွားရောက်ခဲ့သည်ဟု sport FM သတင်းဌာနက ဖော်ပြခဲ့သည်။
အသက် ၃၂ နှစ်အရွယ် ဗီရိုနာအသင်းနောက်ခံကစားသမားမိုရက်စ်သည် ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှလည်း ယင်းအကြောင်းကို အသိပေး ဖော်ပြခဲ့ပြီး ၎င်းအစ်ကိုနှင့်အတူရှိနေသည့် ဓာတ်ပုံကို ဖော်ပြခဲ့သည်။ ဆေးရုံကုတင်ပေါ်တွင် စူပါမန်းအကျီင်္ကို ဆင်တူဝတ်ဆင်ထားသည့်ဓာတ် ပုံနှင့် တွဲလျက် “လှုပ်ရှားရန်အသင့်”ဟု စာသားဖြင့် မိုရက်စ်က တွဲတင်ထားခဲ့သည်။ မိုရက်စ်သည် ပြီးခဲ့သည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၁၆ သင်း ရှုံးထွက်အဆင့်သို့ ရောက်ရှိခဲ့သည့် ဂရိအသင်းတွင်လည်း ပါဝင်ကစားခဲ့သူဖြစ်သည်။
အသက် ၃၃ နှစ်အရွယ် ဒီမီထရစ်သည် ပြီးခဲ့သည့် မတ်လက ဂရိမှ သြစတြေးလျသို့ ဆွေမျိုးများထံသို့ အလည်အပတ် သွားရောက် ခဲ့ပြီးနောက် တစ်ပတ် အတွင်းခန့်မှာပင် နာမကျန်း စတင်ဖြစ်လာခဲ့ကာ သွေးကင်ဆာ ခံစားနေရသည်ဟု ဆရာဝန်များက အတည်ပြုခဲ့သည်။ ရိုးတွင်းခြင်ဆီ အစားထိုး ကုသမှုကို လာမည့် စနေနေ့တွင် သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းရှိ မဲလ်ဘုန်းအဲလ်ဖရက် ဆေးရုံတွင် ပြုလုပ်မည် ဖြစ်သည်။
Ref: Eurosport
