
ဥရောပ ထိပ်သီး ကလပ်အသင်း နှစ်သင်းသည် အင်တာနေရှင်နယ် ဖလား အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် အန်းအာဘာ အရပ်ရှိ မီချီဂန် ကွင်းတွင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ လူးဝစ္စ ဗန်ဟား၏ မန်ယူ အသင်းသည် အမေရိကန် မြေပေါ်တွင် ဥရောပ ချန်ပီယံ ရီးယဲလ် မက်ဒရစ် ကို အနိုင်ရမည် ဆိုပါက ဗိုလ်လုပွဲသို့ တက်လှမ်း သွားနိုင်သည့် အခွင့်အရေး ရှိနေသည်။ မန်ယူနှင့် ရီးယဲလ် နှစ်သင်း စလုံးသည် အမေရိကန်တွင် ပရိသတ် အခိုင်အမာ တည်ဆောင်ထား နိုင်သည့် အသင်းများ ဖြစ်ကြပြီး ယခင်နှစ်များ ကလည်း အမေရိကန်တွင် ရာသီကြို ခြေစမ်း ခရီးစဉ်များ ကစားထား ကြသည်။
အင်္ဂါနေ့ညတွင် မန်ယူ အသင်းက အင်တာမီလန်ကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရသည့် ပွဲတွင်လည်း ပရိသတ် ၆၁,၂၃၈ ဦး လာရောက် ကြည့်ရှုခဲ့ ကြသည်။ စနေနေ့တွင် ကစားမည့် ပွဲ၌ ရွန်နီ၊ စီရော်နယ်ဒို၊ ဂါရတ်ဘေးလ် တို့ကဲ့သို့သော နာမည်ကျော် ကစားသမား အားလုံး ပါဝင် ကစားဖွယ် ရှိနေပြီး ယင်းအချက်က အမေရိကန် ပရိသတ်များ ပွဲလာကြည့် စေရန် အဓိက ဆွဲဆောင်မှု ဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။
အမေရိကန် နိုင်ငံတွင် စနေနေ့၌် ကစားသည့် အဓိက ပြိုင်ပွဲကြီးများကို လာရောက် ကြည့်ရှုသည့် ပရိသတ်ဦးရေ
စူပါဘိုးလ် ၁၀၃,၂၁၉
လန်ဒန်အိုလံပစ် မီတာ ၁၀၀ ပြေးပွဲ ၈၀,၀၀၀
၂၀၁၄ ကမ္ဘာ့ဖလားဖိုင်နယ် ၇၄,၇၃၈
၂၀၁၄ ဗြိတိန်အိုးပင်း ၄၃,၁၈၃
ဝင်ဘယ်ဒန်တင်းနစ်ဖိုင်နယ် ၁၅,၀၀၀
Ref: Daily Mail