
Sky Star Music Night တေးဂီတ ဖျော်ဖြေပွဲကို ရွှေပန်းသူ မီဒီယာမှ စီစဉ် တင်ဆက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ၊ Sky Star ဟိုတယ်၏ မိုးလုံလေလုံ ခန်းမအတွင်းတွင် ဖျော်ဖြေပွဲ ကျင်းပသွား မည်ဖြစ်သည်။
" ဒီဖျော်ဖြေပွဲကို မိုးရာသီမှာ ကျင်းပတော့ မိုးလုံလေလုံလဲ ဖြစ်အောင် Sky Star ဟိုတယ်၏ မိုးလုံလေလုံ ခန်းမမှာ ကျင်းပဖို့စီစဉ်ဖြစ်တာပါ။ ပြီးတော့ ပရိသတ် အများကြီးလည်း အဲဒီခန်းမက မဆန့်ဘူးလေ။ ပရိသတ် နည်းနည်း နဲ့ အနုပညာရှင်တွေ ရင်းရင်းနှီးနှီး တွေ့နိုင်အောင် စီစဉ်ထားတဲ့ပွဲပါ။ ဒီပွဲမှာ သီဆိုဖို့ အတွက်ကို သီချင်း နည်းနည်း အေးအေးလေးတွေ စီစဉ်ထားတယ်။ အဝတ်အစားပိုင်းနဲ့ ပတ်သက်ရင်တော့ ပရိသတ်ကို ဆန်းဆန်းလေးတွေ မြင်ရအောင်
တီထွင် ချုပ်လုပ်သွားမှာပါ။ ဖြူဖြူ နဲ့ ရန်ကုန် ပရိသတ်လည်း မတွေ့ရတာ ကြာနေတော့ ဖြူဖြူ ပရိသတ်ကို ပါဖောင့်မန့် ကောင်းကောင်းလေးတွေနဲ့ မရိုးရအောင် တင်ဆက်ဖို့ စီစဉ်ထားပါတယ် "ဟု ဖြူဖြူကျော်သိန်းက မဇ္ဈိမသို့ပြောသည်။
တီထွင် ချုပ်လုပ်သွားမှာပါ။ ဖြူဖြူ နဲ့ ရန်ကုန် ပရိသတ်လည်း မတွေ့ရတာ ကြာနေတော့ ဖြူဖြူ ပရိသတ်ကို ပါဖောင့်မန့် ကောင်းကောင်းလေးတွေနဲ့ မရိုးရအောင် တင်ဆက်ဖို့ စီစဉ်ထားပါတယ် "ဟု ဖြူဖြူကျော်သိန်းက မဇ္ဈိမသို့ပြောသည်။
Sky Star Music Night တေးဂီတ ဖျော်ဖြေပွဲတွင် နိုင်ငံကျော် အဆိုတော်များ ဖြစ်သော ဇော်ပိုင်၊ R ဇာနည်၊ ဟဲလေး၊ ဖြူဖြူ ကျော်သိန်း၊ စန္ဒီမြင့်လွင် တို့က lazy club တေးဂီတ အဖွဲ့နှင့် တွဲဖက် ဖျော်ဖြေမှာဖြစ်ပြီး အနုပညာရှင်နှင့် ပရိသတ် ရင်းရင်းနှီးနှီး တွေ့ဆုံနိုင်ရန်အတွက် လက်မှတ်စောင်ရေ ၇ဝဝ သာ ရောင်းချပေး သွားမှာ ဖြစ်သည်။
လက်မှတ် အမျိုးအစားများကို ပလက်တီနမ်၊ ရွှေ၊ ငွေ သုံးမျိုး သတ်မှတ် ထားပြီး ပလက်တီနမ် လက်မှတ် ၃ဝဝဝဝ ကျပ်၊ ရွှေလက်မှတ် ၂ဝဝဝဝ ကျပ်၊ ငွေလက်မှတ် ၁ဝဝဝဝ ကျပ်တို့ဖြင့် မန်းသီရိတေးသံသွင်းနှင့် ဒဂုံစင်တာရှိ ကိုကိုဗျုးတီးစလွန်း တို့တွင် ပွဲမစတင်မီ ၁ဝရက်အလို၌ ရောင်းချပေးမည်ဖြစ်သည်။