Social Icons

Thursday, July 31, 2014

သဘင်အစည်းအရုံး ရွေးကောက်ပွဲ ပြန်လည်လုပ်ဆောင်သင့်ဟု ဇာတ်မင်းသားမိုးမင်းပြော

moeminသဘင်အစည်းအရုံး၏ လက်ရှိအခြေအနေအရ သဘင်အစည်းအရုံး၏ဖွဲ့စည်းပုံအတွက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပသင့်သည်ဟု သဘင်ပညာရှင်တစ်ဦးဖြစ်သူ မိုးမင်းက မဇ္ဈိမကိုပြောသည်။ လက်ရှိ သဘင်အစည်းအရုံးတွင် သဘင်မိသားစုဝင်များအတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြင့် သဘင်ဖောင်ဒေးရှင်း တည်ထောင်နိုင်ရန်အတွက် စီစဉ်နေချိန်တွင် သဘင်ထုတစ်ရပ်လုံး၏ သဘောဆန္ဒနှင့် အညီဆောင်ရွက်နိုင်ရန် ပြီးသဘင်ထုတစ်ရပ်လုံး ပါဝင်နိုင်ရန်အတွက်
သဘင်အစည်းအရုံး၏ ဖွဲ့စည်းပုံကို အသစ်ပြန်လည်ဖွဲ့စည်းသင့်သည်ဟု ၎င်းက ပြောကြားခြင်း ဖြစ်သည်။
"ရွေးကောက်ပွဲပြန်လည်ရွေးချယ်သင့်မသင့်ကို အရင်ဆုံးက ကိုယ်ကအကြံပေးတာပါပဲ။ အစည်းအရုံးကို ပြန်လည်ဖွဲ့စည်းပေးသင့်တယ်။ သဘင်ထုကလိုချင်တဲ့အတိုင်းပြန်လည်ဖွဲ့စည်းပေးဖို့နဲ့တစ်ခုခုလုပ်ဆောင်ပါ့မယ်လို့ ပြန်လည်ဖြေကြားသင့်တယ်။ အကုန်လုံးပူးပေါင်းဆောင်ရွက်ဖို့အတွက် ပထမဦးဆုံး အကောင်းဆုံး ခလုတ်တစ်ခုဖြစ်တယ်လို့မြင်တယ်။ အဲဒီခလုတ်ကို ဖွင့်ဖို့ လိုတယ်လို့မြင်တယ်။ ဝန်ကြီးကို လည်း အကြံဥာဏ်ပေးခဲ့တယ်။ ဝန်ကြီးကလည်း အဲဒါကိုစဉ်းစားပါ့မယ်လို့ပြောတယ်။ဝန်ကြီး ကလည်း သမ္မတရဲ့အကြံပေးချက်အရဖွဲ့စည်းပုံကို အဆင်ပြေရဲ့လား လိုအပ်လာရင် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့လူငယ်လူရွယ်လေးတွေနဲ့ ဖောင်ဒေးရှင်းကိုဖွဲ့စည်းဖို့ ထူထောင်ပေးဖို့ပါ။အဲဒီလို လူငယ်လေးတွေပညာရှင်တွေ ပါဝင်ဆောင်ရွက်ဖို့ကိုလည်း အစည်းအရုံးကို အသစ်ပြန်လည်ဖွဲ့စည်းမှဖြစ်နိုင်မှာ ပြုပြင်ပြောင်းလဲမှုမရှိရင် သူတို့က ပါဝင်ပူးပေါင်းပြီး ဝင်ဖြေရှင်းမှာမဟုတ်ဘူး။ အဲဒါကြောင့်ဖောင်ဒေးရှင်း တည်ထောင်ရင်လည်း အရင်သဘင်အစည်းအရုံးကသူတွေနဲ့ပဲ တည်ထောင်မှရလိမ့် မယ် " ဟု သဘင်ပညာရှင် မိုးမင်းကပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို) အနေဖြင့်ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ သဘင်အစည်းအရုံးများကိုပြန်လည်ဖွဲ့စည်းမှုများပြုလုပ်လျက် ရှိသည်။" ခုတော့ သူတို့ အစည်းအဝေးတွေခေါ်နေတာ တွေ့တော့တယ်။ ဝန်ကြီးကလည်း အဲဒါကိုပဲ စီစဉ်စေချင်တယ်။ ပြီးတော့မြိုကနယ် တိုင်းနဲ့ပြည်နယ်တွေခေါ်ပြီးတော့လည်းပြင်ဆင်သင့်တာတွေပြင်ဆင်နေတယ်လို့လဲကြားပါတယ်။"
ဟုမိုးမင်းကပြောသည်။
မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး (ဗဟို)ကိုလက်ရှိတွင်  ဥက္ကဌအဖြစ် ပန်တျာဦးမြကြည်က ဆောင်ရွက်လျက်ရှိသည်။သဘင်ပညာရှင်များအစည်း အရုံး၏ ရွေးကောက်ပွဲ သက်တမ်းသည် လေးနှစ်ဖြစ်သော်လည်း ထပ်မံဖွဲ့စည်းတည်ထောင်မည့် ဖောင်ဒေးရှင်းတွင် လူငယ်လူရွယ်များ နှင့် ပညာရှင်များ ပါဝင်စေလိုခြင်းကြောင့် မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်း အရုံ (ဗဟို)ကို ပြန်လည်ဖွဲ့သည်းသင့်သည်ဟု ဇာတ်မင်းသားမိုးမင်းက အကြံပြုပြောကြား ခဲ့ သည်။
 
Blogger Templates