Social Icons

Wednesday, July 30, 2014

ဌက်ဖျားဆေးမတိုးသူတွေ များလာနေ

 အရှေ့တောင်အာရှက နိုင်ငံတွေဖြစ်ကြတဲ့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ မှာ ဌက်ဖျားရောဂါကုသဆေး မတိုးတော့တဲ့လူနာတွေ အများအပြားတွေ့နေရပြီလို့ ကမ္ဘာ့ ကျန်းမာရေး ထိပ်တန်းပညာရှင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က သတိပေးလိုက်ပါတယ်။


New England ဆေးပညာဂျာနယ်မှာ ဖေါ်ပြချက်အရဆိုရင် မြန်မာနိုင်ငံအရှေ့ပိုင်း၊ ကမ္ဘောဒီးယား မြောက်ပိုင်းနဲ့ အနောက်ပိုင်းတို့အပြင် ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက ဌက်ဖျားရောဂါပိုးရှိသူ ၁၂ဝဝ ကျော်ရဲ့သွေးတွေကို စစ်ဆေးခဲ့ရာမှာ ဌက်ဖျား တိုက်ဖျက်ဆေးတွေကို ယဉ်ပါးနေတာတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမှာလည်း အဲ့ဒီလို ဌက်ဖျားဆေးမတိုးတော့တဲ့လူနာတွေ တိုးပွားလာနေ တယ်လို့ ပညာရှင်တွေကပြောပါတယ်။ အခုလို အရှေ့တောင်အာရှမှာ ဌက်ဖျားတိုက်ဖျက်ဆေး ယဉ်ပါးမှုတနေ့တခြား ပွားများလာနေတာကို အလေးအနက်ထားပြီး ဖြေရှင်းရမယ့် အချိန်ရောက်နေပြီလို့လည်း အောက်စဖို့တက္ကသိုလ်ပညာရှင် Nicholas White က သတိပေး လိုက်ပါတယ်။

RFA Burmese
 
Blogger Templates