ပခုက္ကူမြို့တွင်
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟောပြောနေသည်ကို
သိန်းနှင့်ချီသော လူထုကြီးက နားထောင်နေစဉ် (ဓာတ်ပုံ - NLD)

ရွေးကောက်ပွဲမဲဆွယ်ရာတွင်ကာလတိုမဲဆွယ်နည်း (Short-time campaign) ကာလရှည်မဲဆွယ်နည်း (Iongtime campa-ign)များဖြင့် လုပ်ဆောင်နိုင်ပြီး လက်ရှိပုဒ်မ ၄၃၆ ပြင်ဆင်ရန်ဆောင်ရွက်နေခြင်းသည် ကာလရှည်မဲဆွယ်ခြင်း သဘောမျိုးဖြစ်ပြီး ထိုကဲ့သို့ပြုလုပ်နိုင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲတွင် မဲဆွယ်ကာလကို ရက်ပေါင်းသုံးဆယ်သာ အတည်ပြုသတ်မှတ် ပေးထားကြောင်း ဦးတင်အေးက ပြောသည်။
‘‘ရွေးကောက်ပွဲကာလ ရက် သုံးဆယ်ကိုတော့ တိုးပေးလို့မရ ဘူး။ ကမ္ဘာမှာလည်း ရက်သုံး ဆယ်ပဲသတ်မှတ်ကြတယ်။ ရွေး ကောက်ပွဲမှာနိုင်ဖို့ဆိုတာ လူထု ကိုစည်းရုံးရမယ်။ လူထုကိုစည်း ရုံးနေမှ ချစ်ခင်အားကိုးမှုကိုရပြီး ရွေးကောက်ပွဲမှာနိုင်မှာလေ’’ဟု ၎င်းက ပြောသည်။
ပါတီများအနေဖြင့် လူထု ကြားထဲစိမ့်ဝင်နေသည့်အတွက် ပါတီများကို များစွာအားကိုး ကြောင်း၊ ပြည်သူများအား ပါတီ များအနေဖြင့် အမြဲတမ်းစည်းရုံး နေမှသာ ပြည်သူများ ချစ်ခင်အား ကိုးသော ပုဂ္ဂိုလ်များအဖြစ် လွှတ် တော်ထဲသို့ ရောက်ရှိလာမည်ဖြစ် ကြောင်း ဦးတင်အေးက ပြော သည်။
ထိုကဲ့သို့ ပုဒ်မ ၄၃၆ ပြင်ဆင် ရန်ဆောင်ရွက်နေခြင်းကို မဲဆွယ် ခြင်းဟု ပြောဆိုခြင်းနှင့်ပတ်သက် ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ‘‘မဲဆွယ်တယ်ဆိုတာ အဓိပ္ပာယ် မရှိဘူး။ ရွေးကောက်ပွဲတောင် တရားဝင်မကြေညာရသေးဘူး။ မဲဆွယ်တာ ဘယ်ဖြစ်နိုင်မှာလဲ။ ပါတီအနေနဲ့ စည်းရုံးရေးဆင်းတယ်ဆိုရင် လက်ခံတယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်း ကပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသည့်အချက် များ ပြင်ဆင်ရာတွင် အခက်အခဲ ဖြစ်စေသော ပုဒ်မတစ်ခုဖြစ်ပြီး ယင်းပုဒ်မပြင်ဆင်ရန် နိုင်ငံတစ် ဝန်းလက်မှတ်ရေးထိုးခြင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ပြီး မေလ ၂၇ရက်မှ ဇူလိုင် ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။