မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့ စည်းခဲ့သည့်
သုံးနှစ်အတွင်း ပြည် သူများထံမှ တိုင်ကြားစာခြောက်
ထောင်နီးပါးလက်ခံရရှိခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးလှမြင့်က
ပြောကြားသည်။
သုံးနှစ်အတွင်း ရောက်ရှိ လာသော တိုင်ကြားစာများတွင် မြေယာသိမ်းဆည်းခံရမှုနှင့် ပတ် သက်သော တိုင်ကြားစာများမှာ အရေအတွက်အများဆုံးဖြစ်နေ သည်ဟု ဆိုသည်။
‘‘ရောက်လာတဲ့ တိုင်စာတွေ အားလုံးကို အဆင်ပြေအောင် လုပ်ပေးနိုင်တယ်လို့တော့ ပြော လို့မရသေးပါဘူး။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ တိုင်စာတွေ စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ကို တင်ပြမယ်’’ဟု ကော်မရှင် အဖွဲ့ဝင် ဦးလှမြင့်ကပြောသည်။
မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်အနေဖြင့် ရောက်ရှိလာသော တိုင်ကြားစာ များအတွက် နေ့စဉ်အစည်းအဝေး ထိုင်ကာ ဆွေးနွေးမှုများပြုလုပ်ပြီး တိုင်ကြားသူများ၏ တိုင်ကြားမှု မှန်ကန်မှုရှိ၊ မရှိကို စိစစ်မှုများပြု လုပ်သည်ဟု ကော်မရှင်အဖွဲ့ဝင် အချို့ကပြောသည်။
ပြည်သူလူထုထံမှ တိုင်ကြား စာများကော်မရှင်သို့ ရောက်ရှိမှု အနေဖြင့် တစ်နေ့လျှင် ၁၅ စောင် နှုန်းနီးပါးရောက်ရှိပြီး တိုင်ကြား စာများကို ဖြေရှင်းပေးနိုင်ရန် သက်ဆိုင်ရာ ဌာနများသို့ လွှဲပေးရေးအတွက် ပြည်ထောင်စုအစိုးရထံ တင်ပြပေးရသည်ဟု အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံမှ သိရသည်။
အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာအထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထား သည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ အတွင်းက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို နိုင်ငံတော်သမ္မတက စတင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။